ဗန်း​မော်တွင် စစ်​ဘေး​ရှောင်များရှိ​နေ​သော ဘုန်းကြီး​ကျောင်းကို စစ်​တပ်ဗုံးကြဲ​သောရုပ်သံမှတ်တမ်းထွက်​ပေါ်လာ

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။

စစ်ကောင်စီက ​မေ ၈ ရက် ညနေပိုင်းတွင် ဗန်းမော်မြို့၊ ကမ်းနားလမ်းရှိ ကမ်းနားရိပ်သာဘုန်းကြီးကျောင်း နှင့် ညောင်ပင်ရပ်ကွက်ရှိတောင်လေးလုံးဘုန်းကြီးကျောင်းကိုဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဗန်းမော်စစ်ရှောင်တစ်ဦးကပြောသည်။

တောင်လေးလုံးဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် စစ်​ဘေး​ရှောင်များ ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကိုမူ မသိရှိရသေးပေ။

၁ မိနစ်​ခွဲကျော်​သောရုပ်သံမှတ်တမ်းတွင် ရာနှင့်ချီ​သော စစ်​ဘေး​ရှောင်များကို KPDF တပ်ဖွဲ့ဝင်အချို့က ​ပြောင်း​ရွေ့ရန်ပြင်ဆင်​နေစဥ် ဗုံးကြဲခံရခြင်းဖြစ်​သည်။

စစ်​ဘေး​ရှောင်အချို့ ဒဏ်ရာရရှိပြီး ​စစ်​​ဘေးရှောင်များငို​ကြွေး​နေကြသည်ကိုလည်း​တွေ့ရသည်။

ဗန်း​မော်မြို့တွင် တိုက်ပွဲပြင်းထန်နေစဉ် ဒေသခံ ၄၀၀ ကျော် ခိုလှုံနေသည့်ကမ်းနားရိပ်သာဘုန်းကြီးကျောင်းကို ဗုံးကြဲမှု၌ စစ်ရှောင် ၁၅ဦးထက်မနည်းသေဆုံးပြီး ၃၀ကျော် ဒဏ်ရာသွားကြောင်း ဗန်း​​မော်မြို့စစ်ရေးသတင်းများဖော်ပြပေးနေသည့် Banmaw Scout Team နှင့် ​ဒေသတွင်းစစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

” ဗန်းမော်ကမ်းနားရိပ်သာ နဲ့ တောင်လေးလုံးကျောင်းမှာစစ်ရှောင်တွေစုနေတာစစ်တပ်အသိဆုံးပါ။ စစ်တပ်ကဗန်းမော်တိုက်ပွဲစတာနဲ့ညောင်ပင်ရပ်၊မင်းကျောင်းကုန်းကလူတွေကိုရပ်ကွက်ထဲကနေသေ‌နတ်ပစ်ခြိမ်းခြောက်ထုတ်ပြီး မြို့ကထွက်ဖို့မောင်းထုတ်တယ်။မရှောင်နိုင်တဲ့သူတွေ၊ တပ်မိသားစုတချို့ကိုကမ်းနားရိပ်သာမာစစ်ရှောင်ခိုင်းစေခဲ့ပါတယ်။စစ်တပ်ကတောင်လေးလုံးနဲ့ကမ်းနားရိပ်သာမှာစစ်ရှောင်တွေရှိတာသိသိနဲ့တပ်စွဲခဲ့တာပါ။ညောင်ပင်ရပ်၊မင်းကျောင်းကုန်းရပ်ကွက်ရောအကုန်တပ်ဆွဲခဲ့တာ ဗန်းမော်ကသူတွေအသိဆုံးပါ။တော်လှန်းရေးတပ်တွေကစစ်တပ်တပ်စွဲထားနဲ့ တောင်လေးလုံးကျောင်းကနေရာတချို့ကိုထိုးစစ်ဆင်တယ်။စစ်တပ်ဆုတ်သွားတဲ့အခါ စစ်ရှောင်ပြည်သူတွေကိုခေါ်ထုတ်ပေးတယ်။ကမ်းနားရိပ်သာဘက်ကလူတွေကိုခေါ်ထုတ်တယ်။ ပြီးရင်ဘေးလွတ်ရာကိုရွေ့ပေးဖို့လုပ်နေတဲ့အချိန်မှာဗုံးကြဲတယ်ဆိုတာစစ်ရှောင်တွေကိုသာကိုယ်တွေ့မေးကြည့်ပါ”ဟုဖော်ပြထားသည်။

စစ်​ကောင်စီဝါဒဖြန်တယ်လီဂရန်ချန်နယ်များ၊​ဖေစ်ဘွခ်အ​ကောင့်များက KIA နှင့် PDF များကို ဗုံးကြဲခြင်းဟုလည်း​ကောင်း ၊ KIA နှင့် PDF များကစစ်​ရှောင်များကိုလူသားဒိုင်းလုပ်ထား၍ ဗုံးကြဲခြင်းဟုလည်း ဝါဒဖြန့်ချီ​ရေးသားဖြန့်​ဝေ​နေကြသည်။ဗုံးကြဲမှု​​ကြောင့် စစ်​ဘေး​ရှောင်များမထိဘဲ KIA နှင့် PDF များသာထိခိုက်ခဲ့​ကြောင်း ၎င်းတို့ကသတင်းအမှားဖြန့်ချီခဲ့ကြသည်ကို​တွေ့ရသည်။

ဗန်း​မော်မြို့သိမ်းတိုက်ပွဲမှာ ငါးလ​ကျော်ပြီဖြစ်​သော်လည်း အခြား​ဒေသသို့ ​ပြောင်း​ရွေ့ရန်​ငွေ​ကြေးမတက်နိုင်သူများ ၊မြို့မှ မ​ပြောင်း​ရွေ့လိုသူများ နှင့် မိုး​မောက်၊မန်စီမြို့သိမ်းတိုက်ပွဲများတိုက်ခိုက်စဥ် ဗန်း​မော်မြို့သို့​ပြောင်း​ရွေ့လာ​သော စစ်​ဘေး​ရှောင်များမှာ တိုက်ပွဲပြင်းထန်​နေ​သောလည်း မြို့ရှိ ဘုန်းကြီး​ကျောင်းများ ၊​ကျောင်းများ၊ဘာသာ​ရေးအ​ဆောက်အအုံအချို့တွင် ​တိမ်း​ရှောင်​နေကြ​ရခြင်းဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

ရုပ်သံ-Nyan Lin Aung /Banmaw Scout Team


Leave a Reply

Your email address will not be published. Required fields are marked *