အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ကိုယ်ပိုင်ထုတ် လက်နက်ကြီးနဲ့ တိုက်ခိုက် (ရုပ်သံ)

မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ကိုယ်ပိုင်ထုတ် လက်နက်ကြီးနဲ့ တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပခုက္ကူ တပ်မ(၁၀၁) စစ်ကြောင်းကို ကိုယ်ပိုင်ထုတ် လက်နက်ကြီးနဲ့ ပစ်ကူ တိုက်ခိုက်ပေးခဲ့တယ်လို့ Southern YSO PDF မှ မနေ့ညက ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို မေလ ၅ရက်နေ့နဲ့ ၆ရက်နေ့တွေမှာ မြိုင်မြို့နယ် ပကဖ အဖွဲ့၊ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လက်နက်ကြီး ပစ်ကူ တိုက်ခိုက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

Southern YSOရဲ့ ကိုယ်ပိုင်ထုတ် လက်နက်ကြီး ဖြစ်တဲ့ Hell Cannon ကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ပြီး တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Hell Cannon လက်နက်ကြီးရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ တစ်ဖူးလျှင် ကျပ် သိန်း(၄၀) မှ သိန်း(၅၀) အထိ ကုန်ကျမှု ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *