အကြမ်းဖက်စစ်ကောင်စီ၏ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ရရှိကြောင်း MOD စစ်ရုံးချုပ်မှ တရားဝင်အသိပေး
တိုက်ပွဲတွင်း စစ်ကောင်စီတပ်ရင်းမှုးအပါအဝင် အရာရှိများနှင့် တပ်သား (၅၀) ဦးခန့် စခန်းစွန့်ခွါထွက်ပြေး
ရန်သူရုပ်အလောင်း ၃၀ဦးတွေ့ရှိ၊ စစ်သုံ့ပန်း ၆ဦး နှင့် မိသားစုဝင် ၇ဦးဖမ်းဆီးထိန်းသိမ်းရမိကာ လက်နက်ကြီး လက်နက်ငယ် ၈၃ လက်၊ ဂျန်မာစက် ၃ လုံးနှင့် ခဲယမ်းများ သိမ်းဆည်းရရှိ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်း အမှတ်(၁)စစ်ဆင်ရေးနယ်မြေ နှင့် အမှတ်(၂)စစ်ဆင်ရေးနယ်မြေတို၏အစီအစဉ်၊ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၀၂၅ခုနှစ် မေလ (၈)ရက်က ပဲခူးတိုင်း၊ ရွှေကျင်မြိုနယ်၊ ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း MODမှ ထုတ်ပြန်ထားပါသည်။
၄င်းတိုက်ပွဲမှ ပွိင့်5 စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁မမ၊ ၆၀မမ လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ (၈၃) လက် ၊ဂျန်မာစက် (၃) လုံးနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။ တိုက်ပွဲတွင်း ရန်သူရုပ်အလောင်း (၃၀) ဦး တွေ့ရှိရပြီး၊ စစ်သုံပန်း ( ၆ ) ဦး နှင့် မိသားစုဝင် ( ၇ ) ဦးဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။စစ်ကောင်စီတပ်ရင်းမှုးအပါအဝင် အရာရှိများနှင့် တပ်သား (၅၀) ဦးခန့် စခန်းစွန့်ခွါထွက်ပြေးသွားခဲ့သည်ဟု သိရပါသည်။
ဤစစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ – SOF(အထူးလှုပ်ရှားဗျူဟာ)၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ (၂၇)မှ နဂါးဖြူတပ်ရင်း၊ တောင်ညိုတပ်ရင်း၊ ၇၈၀၅ တပ်ရင်း၊ ၇၈၀၁ တပ်ရင်း၊ ဒေါနတပ်ရင်း၊ Southern Eagle တပ်ရင်း၊ SOG တပ်ရင်း၊ ရောင်နီဒရုန်းအထူးတပ်ဖွဲ၊ Cloudwings ဒရုန်းအထူးတပ်ဖွဲ၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲများ၊ မွန်ပကဖ တိုက်ခိုက်ရေးအဖွဲများ ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဗျူဟာ(၂၀)မှ ၃၇၀၄ တပ်ရင်း၊ ၅၁၀၁ တပ်ရင်း၊ ရန်ကုန်ဗျူဟာစစ်ကြောင်း၊ ပဲခူးတိုင်းပကဖ တိုက်ခိုက်ရေးအဖွဲများ၊ LDF တပ်ဖွဲများဖြစ်သော KRF၊ UDF ရော့ကက်နှင့်ဒရုန်းတပ်ဖွဲများ ပူးပေါင်းပါဝင်ခဲ့ကြသည်ဟု ဖော်ပြထားပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတပ်ဖွဲများနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၃)မှ တပ်ရင်း(၇)နှင့် ဒရုန်းအဖွဲများ လက်တွဲတိုက်ပွဲဝင်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ထားပါသည်။


Leave a Reply