ရွှေကျင် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲ ရုပ်/သံ ထုတ်ပြန်

စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စခန်းသိမ်းစစ်ဆင်ရေးက ရုပ်/သံဖိုင်ကို နဂါးဖြူတပ်ရင်းက ဒီကနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။

နဂါးဖြူတပ်ရင်း နှင့်ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များရဲ့ ခမရ ၅၉၈ စခန်းသိမ်းရုပ်သံဖိုင်လို့ အမည်တပ်ထားတဲ့ အဆိုပါရုပ်သံကို ခမရ ၅၉၈ တပ်ရင်းဌာနချုပ် သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PDFစစ်ရုံးချုပ်က သတင်းထုတ်ပြန်ခဲ့အပြီး ဒီကနေ့ညမှာ ထွက်ရှိလာခြင်းလည်း ဖြစ်ပါတယ်။

အဆိုပါ ရွေကျင် စစ်ကောင်စီ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်များက မေလ ၈ရက်နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း သေဆုံးကာ၊ လက်နက်အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *