သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်
၁။ ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့ နံနက် ၀၉း၃၅ ခန့်မှာ အကြမ်းဖက်စစ်ကောင်စီဟာ အိုးတိမ်တွင်းကျေးရွာ ပြည်သူ့အခြေပြုကျောင်းကို ကျောင်းသားလူငယ်တွေ စာသင်နေတုန်းအချိန်မှာပဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
၂။ အဆိုပါ စာသင်ကျောင်းအတွင်းနဲ့ အနီးအနားပတ်ဝန်းကျင်မှာ မည်သည့် လက်နက်ကိုင်တပ်၊ အဖွဲ့မျှ အခြေချနေထိုင်ခြင်းမရှိသလို တိုက်ပွဲလည်း ဖြစ်ပွားခြင်းမရှိပါ။ စာသင်ကြားနေတဲ့ ကလေးငယ်များကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်ခြင်းသာဖြစ်ပါတယ်။
၃။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားကလေးငယ်ပေါင်း ၂၀ ဦးနှင့် ကျောင်းဆရာမ ၂ ဦး၊ စုစုပေါင်း ၂၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ကျောင်းသားကလေးငယ်ပေါင်း အနည်းဆုံး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
၃။ ရွှေဘိုခရိုင်အမှတ် (၁၂) တပ်ရင်းအနေနဲ့ စစ်ကောင်စီရဲ့ ဒီလူမဆန်တဲ့ လုပ်ရပ်ကို လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုအဖြစ် မှတ်တမ်းတင်ပြီး ကျူးလွန်သူများကို ထိရောက်စွာအရေးယူနိုင်ရေးနဲ့ ထိခိုက်ခံစားရသူကလေးငယ်များအတွက် တရားမျှတမှု ပြန်လည်ရရှိရေးတို့အတွက် နည်းလမ်းပေါင်းစုံနဲ့ မဆုတ်မနစ်ကြိုးစားသွားမှာဖြစ်ပါတယ်။
၄။ ဒီရာဇဝတ်မှုများကို ကျူးလွန်သူ၊ စေခိုင်းသူ၊ အားပေးသူ၊ ပုံဖျက်သူ မည်သူကိုမဆို ရွှေဘိုခရိုင် အမှတ် (၁၂) တပ်ရင်းရဲ့ ရန်သူအဖြစ် ပြတ်ပြတ်သားသား သတ်မှတ်သွားမှာဖြစ်ပါတယ်။
၅။ ပြည်သူများအနေနဲ့လည်း ယခုကဲ့သို့ တိုင်းပြည်ရဲ့ အနာဂါတ်မျိုးဆက်ကလေးငယ်များကိုပါ ဦးတည်တိုက်ခိုက်တဲ့ စစ်ကောင်စီကို ကိုယ်တတ်နိုင်တဲ့ဖက်ကနေ တက်ကြွစွာ တွန်းလှန်တိုက်ခိုက်ပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
တော်လှန်ရေးသစ္စာဖြင့်
ရွှေဘိုခရိုင်အမှတ် (၁၂) တပ်ရင်း


















ဓာတ်ပုံ – မော်ကွန်းဌာန၊ ရွှေဘိုခရိုင်အမှတ် (၁၂) တပ်ရင်း


Leave a Reply