ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ၏ ခမရ ၂၄ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်၊ စစ်သားအလောင်း ၁၀ လောင်း ရရှိ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ၏ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ရရှိကြောင်း KNU သတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရှိရသည်။

မေလ ၁၀ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ ခမရ ၂၄ တပ် ရင်း၏ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက အပြင်း အထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ကလည်း စခန်းမကျစေရေးအတွက် တိုက်လေယာဉ်ဖြင့် တစ်လျှောက်လုံး ခုခံခဲ့ကြောင်း၊ မေလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်ဝန်းကျင်အချိန်တွင် အဆိုပါစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စခန်းကတော့ ရသွားပါပြီ။ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေ တော့မသိရသေးပါဘူး။ ထွက်ပြေးသွားတဲ့လူတွေလည်းရှိပါတယ်။ ဒီစခန်းက အရေးပါတဲ့ ဗျူဟာ စစ်စခန်းကြီး ဖြစ်ပါတယ်” ဟု KNU သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ တာလယ်ဗျုဟာစခန်းကို သိမ်းပိုက်ရာတွင် စစ်သားအလောင်း ၁၀ လောင်းရရှိထားပြီး စစ်သား ၂၀ ကျော် ထိုင်းဘက်အခြမ်းသို့ ထွက်ပြေးသွားကြောင်း KNU ရှေ့တန်းစစ်ရေးသတင်းရင်းမြစ် တစ်ခုက ပြော ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း မေလ ၁၁ရက်နေ့နှင့် မေလ ၁၂ရက်နေ့တို့တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှုကြောင့် တာလယ်စစ်တပ်စခန်း အနီး ကျေးရွာနေအိမ် ၁၀ လုံးကျော်ခန့်မီးလောင်ပျက်စီးပြီး ပြည်သူ ၁၂၀ ဦးကျော် ထိုင်းနိုင်ငံ၊ မယ်လကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရပါသည်။

မေလ ၉ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ တခေါ်ဘီခွီးစခန်းကို KNLA PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မေလ ၁၃ ရက်နေ့တွင် တာလယ် ဗျူဟာစစ်စခန်းကြီးကို ထပ်မံသိမ်းပိုက်လိုက်ခြင်း ဖြစ်ရာ ရက်ပိုင်းအတွင်း စစ်တပ်စခန်းများကို KNLA တပ်မဟာ ၇ တပ်များက ဆက် တိုက်သိမ်းပိုက်နေခြင်းလည်း ဖြစ်သည်။

KNU က မတ်လ၊ဧပြီလနှင့် ယခု မေလအတွင်းတွင် KNU တပ်မဟာ ၇ နယ် မြေအတွင်းရှိ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်းတွေကိုဆက်သိမ်းယူနိုင်ပြီးထိုင်းမြန်မာနယ်စပ်လက်ကျန်စခန်း များ ဖြစ်သည့် မော်ဖိုးကေ၊မယ်လနဲ့နော်တရာစစ်စခန်းများကို ဆက် လက်သိမ်းပိုက်ရန်သာ ကျန်ရှိတော့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *