ပခုက္ကူမြို့က ပျူစောထီးခေါင်းဆောင်တစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး

မကွေးတိုင်း၊ပခုက္ကူမြို့မှာ စစ်‌‌ကောင်စီတပ်အားထားရတဲ့ ပျူစောထီးခေါင်းဆောင် အရှည်ကြီး (ခ)ဒူးရှည်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ မြင်းခြံ BLACK TIGER (MBT) တပ်ဖွဲ့က ပြောပါတယ်။

မေလ ၉ရက် ညနေပိုင်းက ပခုက္ကူမြို့၊စက်မှုဇုန် (၆)လမ်းနဲ့ (၇)လမ်းကြားမှာနေထိုင်တဲ့ ပျူစောထီး ခေါင်းဆောာင် အရှည်ကြီး(ခ)ဒူးရှည်ကို ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တာလို့ MBT အဖွဲ့က ပြောပါတယ်။

” သေချာတာတခုက တော့သူသည် ပြည်သူတွေအပေါ် နိုင်ထပ်စီးနင်းလုပ်တာတွေ ရှိခဲ့တယ်။သူသည် စစ်ကောင်စီရဲ့အဓိက အရေးပါတဲ့အခန်းကဏ္ဍက ပျူခေါင်းဆောင်တစ်ဦးဖြစ်တယ်။ကျန်တဲ့ဟာ အသေးစိတ်ကတော့ နယ်ခံအဖွဲ့ တွေက ဆက်လုပ်တာပါ”လို့ MBTအဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

အရှည်ကြီးကို နယ်ခံတော်လှန်ရေးတပ်တွေက ဆက်လက်စစ်ဆေးနေတယ်လို့သိရပါတယ်။

ဒါ့အပြင် ပြည်သူတွေအပေါ်အနိုင်ကျင့်ဒုက္ခပေးနေတဲ့မည်သူကိုမဆို MBT အဖွဲ့အနေနဲ့ အရေးယူမှုတွေပြုလုပ်သွားမယ်လို့လည်း ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို MBT အဖွဲ့နဲ့အတူ နဂါးမင်း PDF အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

(ဖမ်းဆီးမိတဲ့ ပျူစောထီးခေါင်းဆောင် အရှည်ကြီး။ ဓာတ်ပုံ – MBT)

Comments

Leave a Reply

Your email address will not be published. Required fields are marked *