စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာပြင်းထန်သည့် နောက်ထပ် ကလေး ၂ ဦး သေဆုံးခဲ့ရာ စုစုပေါင်းသေဆုံးသူ ၂၄ ဦးအထိ ရှိလာကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ထံက သိရသည်။
ယမန်နေ့ (မေ ၁၃) ညပိုင်းက အသက် ၈ နှစ်အရွယ် Grade 2 ကျောင်းသား မောင်အောင်ဇေယျ၊ ယနေ့ (မေ ၁၄) နံနက်တွင် အသက် ၁၁ နှစ်အရွယ် Grade 3 ကျောင်းသူ မပြည့်ပြည့်ငြိမ်းတို့ သေဆုံးခဲ့သည်။
ပြီးခဲ့သည့် မေ ၁၂ ရက်နေ့ နံနက်က စာမေးပွဲဖြေရန်ပြင်ဆင်နေသည့် အိုးတိန်တွင်းရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံး ၂ လုံးကြဲချခဲ့ရာ ကျောင်းသူ၊ ကျောင်းသား ၂၀ ဦးနှင့် ဆရာမ ၂ ဦး သေဆုံးခဲ့သည်။
သေဆုံးသူများတွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းသား၊ ကျောင်းသူများပါဝင်ပြီး အများစုမှာ မူလတန်းကျောင်းသားများဖြစ်သည်။
ထိခိုက်ဒဏ်ရာရသူ ၁၀၅ ဦးရှိကာ ခြေထောက်၊ လက် ထိခိုက် ပြတ်တောက်သူများ အပါအဝင် ဒဏ်ရာ ပြင်းထန်သူ ၄၀ နီးပါး ရှိပြီး ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း ဒီပဲယင်း ပအဖ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရုပ်သံ – U Ko Ko


Leave a Reply