မင်းပြားမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိခဲ့သော စစ်သုံ့ပန်း မိသားစုဝင် ၂၂၅ ဦးကို AA က ပြန်လွှတ်ပေး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိခဲ့သော စစ်သုံ့ပန်း မိသားစုဝင် ၂၂၅ ဦးကို AA က ပြန်လွှတ်ပေးလိုက်ကြောင်း အာရက္ခတပ်တော်က Arakan Princess Media သတင်းမီဒီယာမှတစ်ဆင့် သတင်းထုတ်ပြန်သည်။

ယမန်နေ့ မေလ ၁၆ ရက်နေ့တွင် စစ်သုံ့ပန်း မိသားစုဝင်များကို ဒုတိယ အကြိမ်မြောက် လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး အဆိုပါ စစ်သုံးပန်း မိသားစုဝင်များကို အာရက္ခတပ်တော်မှ စစ်သုံးပန်း ဥပဒေနှင့် အညီ ကျွေးမွေး စောင့် ရှောက်ခဲ့ပြီး စစ်သုံးပန်း မိသားစု ဝင် ၂၂၅ကို လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ၊ မင်းပြားမြို့ကို ၂၀၂၄ ခုနှစ်၊ ဖေ ဖော်ဝါရီ ၆ ရက်နေ့ တွင် အာရက္ခတပ်တော်က မင်းပြားမြို့ ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် ဖမ်ဆီးရရှိခဲ့သော စစ်ကောင်စီ စစ်သုံပန်းများ၊ သုံပန်းမိသားစုဝင်များ ဖြစ်ကြောင်း သိရှိရသည်။

AA က ပြန်လွှတ်ပေးလိုက်သော စစ်သုံပန်းမိသားစုဝင်များတွင် အမျိုးသမီး ၉၅ ဦး ကလေးသူငယ် ၁၃၀ ပါဝင်ပြီး အာရက္ခတပ်တော်က ၎င်းတို့ အားလုံးကို မိသားစုများထံ အပ်နှံလိုက်ပြီး ဖြစ်ကြောင်း သိရှိရသည်။

ပထမအကြိမ်အဖြစ် ဧပြီလ ၁၃ ရက်နေ့ကလည်း မင်းပြားမြို့သိမ်းတိုက်ပွဲမှ ဖမ်းဆီးရရှိသော စစ်သုံ့ပန်း မိသားစုဝင် ၁၇၀ ဦးကို AA က လွှတ်ပေးခဲ့ပြီးဖြစ်သည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *