မိုးဗြဲသို့ စစ်ကောင်စီက အင်အား ၆၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာပြီး စစ်တပ်ဘက်မှ ၂၃ ဦး သေဆုံး၊ အလင်းဝင်သူ စစ်သား ၁၆ ဦးရှိပြီး စစ်သား ၃ ဦးကို အရှင်ဖမ်းဆီးရရှိ

ရှမ်းပြည်နယ်နှင့်ကရင်နီ အစပ် မိုးဗြဲမြို့နယ်သို့ စစ်ကောင်စီက အင်အား ၆၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာပြီး တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကာ စစ်တပ်ဘက်မှ ၂၃ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ အမှတ် ၁ ၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

ယခု မေလ ၆ ရက်နေ့မှစတင်ပြီး မေလ ၁၆ ရက်နေ့အထိ စစ်ကောင်စီတပ်က ပြည်သူ့စစ်၊ PNO တပ်များနှင့်ပူးပေါင်းပြီး အင်အား ၆၀၀ ကျော်ဖြင့် ကုန်း ကြောင်းနှင့်ရေကြောင်းမှတစ်ဆင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော မိုးဗြဲမြို့သို့ ထိုးစစ်ဆင်လာကြောင်း ၊ စစ်ကောင်စီက မိုးဗြဲမြို့တွင်းသို့ စစ် ကြောင်း ၁ ခု၊ မိုးဗြဲကုန်းသာ စစ်ကြောင်း နှင့် ဖယ်ခုံမြို့နယ် နှင့် ညောင်ရွေမြို့ နယ်စပ်သို့ စစ်ကြောင်း ၁ ခု စုစုပေါင်း စစ်ကြောင်း ၃ ခုဖြင့် ထိုးစစ်ဆင်လာကြောင်း သိရှိရသည်။

မိုးဗြဲမြို့သို့ ညောင်‌ရွေမြို့နယ် နှင့် ဖယ်ခုံမြို့နယ်အစပ် ရေပူကျေးရွာ၊ စွန့်စွဲကျေး ရွာနှင့် လွယ်လုံကျေးရွာဘက်မှ တစ်ဆင့် ထိုးစစ်ဆင်လာသော စစ်ကြောင်း ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ရှမ်းတောင်ကယား (ကရင်နီ) စစ်တိုင်းဒေသ၊ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ် ၁ ၏စီမံကွပ်ကဲရေးအောက်တွင်ရှိသော PDF အမှတ် P3-1006 တပ်ရင်း၊ P3-1009 တပ်ရင်းနှင့်ပျားစစ်ကြောင်းတို့ က ၁၀ ရက်တာ ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲများတွင် စစ်ကောင် စီတပ် ၊ ပြည်သူ့စစ် နှင့် PNO တို့ဘက်မှ ၁၈ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ် ရာ ရရှိသူများပြားကြောင်း၊ အဆိုပါ စစ်ကြောင်း၏ ထိုးစစ်ကို တော်လှန်ရေးတပ် များက ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ် နှင့် PNO ပူးပေါင်းပြီးစစ်ကြောင်း၏ တိုက်ခိုက်ရေးဒရုန်းကြီး ၂ စင်းကိုလည်း တော်လှန်ရေးတပ်များက ပစ်ခတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မိုးဗြဲမြို့တွင်းသို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်‌ကြောင်းနှင့် တော် လှန်ရေးတပ်များအကြား မေလ ၁၄ ရက်နေ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ဒဏ်ရာရရှိသူ အများအပြားရှိပြီး ခမရ ၄၂၂ တပ်ရင်းစခန်းသို့ ပြန်လည်ဆုတ်ခွာနိုင်ရန်အတွက် စစ်ကောင်စီက လက်နက်ကြီး၊ အဆိပ်ငွေ့ဗုံးများအလွန်အကျွံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *