မန္တလေးငလျင်ဘေးသင့် ကယ်ဆယ်ရေးစခန်းတွင် ငလျင်လှုပ်ခတ်မှုနှင့် မိုးရွာသွန်းမှုကြောင့် ကုက္ကိုလ်ပင် ပြိုလဲရာမှ ကလေးငယ် ၁ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံး

မန္တလေးငလျင်ဘေးသင့် ကယ်ဆယ်ရေးစခန်းတွင် မိုးရွာသွန်းမှုကြောင့် ကုက္ကိုလ်ပင်ပြိုလဲရာမှ ကလေးငယ် ၁ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ မေလ ၁၈ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၄၁ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ အဘယာရာမရွှေဂူကျောင်းတိုက်အတွင်းရှိ ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းတွင် လုံးပတ် ၅ ပေခန့်၊ အရှည် ၄၀ ပေ ခန့်ရှိ ကုက္ကိုလ်ပင်သည် မိုးရွာသွန်းမှုကြောင့်အမြစ်ခြေမှ လှန်၍ လဲကျရာမှ ယာယီလူနေမိုးကာတဲအိမ်ပေါ်သို့ ပိမိသွားခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ကယ်ဆယ်ရေးအဖွဲ့များက သွားရောက်၍ လဲကျနေသာ သစ်ပင်ကို ရှင်းလင်းခဲ့ရာမှ ကလေးငယ် ၁ ဦးနှင့် အမျိုးသား ၁ ဦး ၏ အလောင်းကို ကယ်ထုတ်ရရှိခဲ့ကြောင်း သိရှိရသည်။

“လဲသွားတဲ့ ကုက္ကိုလ်ပင်က သက်တမ်းကြာနေပြီ။ အရင်ရက်ကတည်းက မန္တလေးမှာ မိုးလေ သည်းထန်ထားတုန်းကလည်း အကိုင်းတွေကျိုးကျသေးတယ်။ မိုးတွေ တအားရွာခဲ့တော့ မြေကြီးက ရေဝပြီး မြေပျော့နေတာ။ ငလျင်လှုပ်တာရော မိုးရွာတာကြောင့် အပင်လဲသွားတာ” ဟု စိန်ပန်းရပ်ကွက်မှ ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

မန္တလေးတွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ယနေ့အချိန်အထိ ပြည်သူများမှာ ပြိုကျပျက်စီးနေသော နေအိမ်များကို ပြန်လည် တည်ဆောက်နိုင်ခြင်းမရှိသေးဘဲ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြရဆဲဖြစ်သည်။

မန္တလေး၊ စစ်ကိုင်း အပါအဝင် မြိုကြီးများတွင် ယနေ့ည ၁၀ နာရီ ၂၅ မိနစ်အချိန် သိသိသာသာ ငလျင်လှုပ်ခတ်ပြီး လှုပ်ခတ်ချိန် အချိန်အနည်းငယ်ကြာ မြင့်၊ ငလျင်ပြင်းအား ၅ အဆင့်ကျော်ရှိ (ရုပ်/သံ)

မန္တလေး၊ စစ်ကိုင်း အပါအဝင် မြိုကြီးများတွင် ယနေ့ည ၁၀ နာရီ ၂၄ မိနစ်အချိန် သိသိသာသာ ငလျင်လှုပ်ခတ်ပြီး ငလျင်လှုပ်ခတ်ချိန် အချိန်အနည်းငယ်ကြာမြင့်ကြောင်း ပြည်သူများက ပြောဆိုကြသည်။

“ဒီည ငလျင်က တော်တော်ကြမ်းတယ်။ အချိန်လည်း ကြာတယ်။ အကုန်လုံး လန့်ပြီး လမ်းပေါ် ပြေးဆင်းကြတယ်” ဟု မန္တလေးမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းမြိုပေါ်မှ ပြည်သူများက ယနေ့ည ၁၀ နာရီ ၂၅ မိနစ်ဝန်း ကျင် အချိန် လှုပ်ခတ်သော ငလျင်ကြောင့် မြိုပေါ် ရပ်ကွက်များအတွင်းမှ ပြည်သူတချို ပြေးထွက်လာကြကြောင်း ပြောဆိုသည်။

“တစ်အိမ်လုံး သိမ့်ကနဲ့ ဖြစ်တယ်လို ခံစားရပြီးတော့ ရပ်ကွက်ထဲက ငလျင် လှုပ် တယ်ဆိုတဲ့ အော်သံတွေ ကြားရတာပဲ” ဟု စစ်ကိုင်းမြိုနယ်၊ ဇေယျာကွက်သစ်ရပ်ကွက်မှ ပြည်သူတစ်ဦးက ဆိုသည်။

လက်ရှိ သိရှိထားသော အချက်အလက်များအရ မိုးကုတ်၊ တောင်ကြီး ၊ မိတ္တီလာ၊ ကျောက်ဆည်၊ ရမည်းသင်း အပါအဝင်မြိုကြီးအများစုတွင် ငလျင်ကို သိသိသာသာ ခံစားသိရှိရသည်ဟု ပြည်သူများက ဆိုကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်အရ မေလ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၁၀ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို အနောက်-အနောက်တောင်ဘက် ၃၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၅ ဒသမ ၇ အဆင့်လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမူ ယနေ့ည ၁၀ နာရီ ၂၄ မိနစ်အချိန် မြစ်သားမြို၏ အနောက်တောင်ဘက် ၆ မိုင်ခန့်ကို ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

(ဗီဒီယိုမှာ မန္တလေးမှ ပြည်သူတစ်ဦးက CCTV မှ ယနေ့ငလျင်လှုပ်ခတ်ပုံကို မှတ်တမ်းတင်ထားပြီး လူမှုကွန်ရက်တွင် ပြန်လည်မျှဝေထားသည့် ဗီဒီယိုဖြစ်ပါသည်။)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *