တောင်ငူမြို့ရှိ စစ်ကောင်စီ၏ လေတပ်စခန်းကို ၁ဝ၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှု ၈ လုံး ထိမှန်ခဲ့ပြီး ထိခိုက်ပျက်စီးမှုရှိနိုင်

ပဲခူးတိုင်း၊ တောင်ငူမြို့၊ ကေတုမတီလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှောက်တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၈ လုံးအောင်မြင်စွာကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးပျက်စီးမှုရှိနိုင် ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယနေ့ မေလ ၁၈ ရက် နံနက် ၁ နာရီ ၄၈ မိနစ်အချိန် တောင်ငူမြို့၊ ကေတုမတီလေ တပ် စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၈ လုံးအေင်မြင်စွာ ကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးပျက်စီးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

တောင်ငူ လေတပ်စခန်းသည် စစ်ရာဇဝတ်မှုများ ကျုးလွန်ရာတွင် အရေးပါ သော လေတပ် ဒေါက် တိုင် တစ်ခုအဖြစ် ထမ်းဆောင်ပေးနေသည့်အပြင် ယခုရက်ပိုင်း တောင်ပိုင်းတော်လှန်ရေး အင်အားစု များ ၏ တော်လှန်ရေး လှုပ်ရှားမှုများကိုလည်း လေကြောင်းမှ တရစပ် ဗုံးကြဲ တိုက်ခိုက်ရာတွင် အဓိက ပါဝင်နေသော လေတပ်စခန်း တစ်ခု ဖြစ်နေသောကြောင့် BWM Mission 37 အဖြစ် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force​ေ (ACPLF) နှင့် သံတောင် မြောက် ပိုင်း အထူးဒေသအဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြေပြင်စစ်ဆင်ရေးများတွင် ပြည်သူ့တော်လှန်ရေးအင်အားစုများကို ရင်ဆိုင်နိုင်စွမ်းမရှိတော့ဘဲ ကျရှုံး မှုများစွာနှင့် ရင်ဆိုင်လာရသော စစ်ရှုံးကောင်စီသည် လေတပ်ကိုအားကိုး၍ ဝေဟင်အသာစီးဖြင့် တော်လှန်ရေးအင်အားစုများကို တန်ပြန် တိုက်ခိုက် လာကြောင်း၊ မကြာသေးမီက ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်း ကျေးရွာ စာသင်ကျောင်းမှ ကျောင်းသူ၊ ကျောင်းသား ကလေး သူငယ်များနှင့် ဆရာ၊ ဆရာမများ ကိုဗုံးကြဲ သတ်ဖြတ်မှုအပါအဝင် နိုင်ငံတစ်ဝန်း အရပ်ဘက်ပြည်သူများကို ပစ်မှတ်ထား ဗုံကျဲသတ် ဖြတ်ပြခြင်းဖြင့် ၎င်း၏ မတရားလုယူထားသော အာဏာကို ဆက်လက်ဆုပ်ကိုင်ထားဖို့ကြိုးစားနေ ကြောင်း အသိပေးထားသည်။

နွေဦးတော်လှန်ရေး၏ အောင်မြင်ရန်စစ်ကောင်စီလေတပ်ကို ပြိုလဲအောင် လေတပ်များ၊ တိုက်လေ ယာဉ်များ၊ pilot များ၊ လေယာဉ်ဆီ၊ ဗုံးသီးတန်ဆာတို့ ထုတ်လုပ်သည့် စက်ရုံ အပါအဝင် လေတပ်ကို အားဖြည့်သည့် ဒေါက်တိုင်မျိုးစုံတို့ကို ဖြိုလှဲရန် လက်လှမ်းမှီသည့် တော်လှန်ရေးအင်အားစုများ၊ ပြည် သူ များမှ တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းကြရန် မေတ္တာရပ်ခံထားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *