KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်၏ ထော်မုပလဲ့မဲစစ်တပ်စခန်းကို တိုက်ခိုက်နေ (ရုပ်/သံ)

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်၏ ထော်မုပလဲ့မဲစစ်တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း Force for Federal Democracy – FFD အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မေလ ၁၄ ရက်နေ့ကစတင်၍ KNU တပ်မဟာ နယ်မြေရှိ အကြမ်းဖက် စစ်တပ်၏ ထော်မုပလဲ့မဲ စစ် တပ်စခန်းကို KNLA တော်လှန်ရေး တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိ တိုက် ပွဲပြင်းထန်နေဆဲဖြစ်သဖြင့် စစ်ရေးအခြေအနေအသေးစိတ်ကို ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“လက်ရှိက တိုက်ခိုက်နေတဲ့ကာလမို့ အသေးစိတ်ခြေအနေက ပြောပြလို့မရသေးပါဘူး။ စခန်းသိမ်း ပိုက်နိုင်ရေးအတွက် တိုက်ခိုက်နေဆဲဖြစ်ပါတယ်” ဟု Force for Federal Democracy – FFD အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Force for Federal Democracy – FFD တပ်ဖွဲ့ဝင်များနှင့် KNLA Drone သင် တန်းသားများကပါ ပူးပေါင်း တိုက်ခိုက်နေခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *