မော်ခီး စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ စတင်ထိုးစစ်ဆင်တိုက်ခိုက်

ထိုင်းမြန်မာနယ်စပ်ရှိ မော်ခီး စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ စတင်ထိုးစစ်ဆင်တိုက်ခိုက်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ မော်ခီး စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ထိုင်း-မြန်မာနယ်စပ်မှ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ မေလ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန် ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့တောင်ဘက် ဝေါလဒေသအတွင်းရှိ အကြမ်း ဖက် စစ်တပ်၏ မော်ခီးစခန်းနေရာကို ကော်သူလေးတပ်မတော်-KTLAမှ ဗိုလ်ချုပ် နယ်ဒါးမြ လက် အောက် ခံ မဟာမိတ်ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက် နေသည့် အတွက် တိုက်ပွဲပြင်းထန်နေကြောင်း ထိုင်း-မြန်မာနယ်ခြားကော်မတီနှင့်နီးစပ်သည့်စစ်သတင်းအရင်းအမြစ်ကပြောဆိုသည်။

“မနေ့ မနက်ပိုင်း ၇ နာရီ လောက်ကစဖြစ်တာပေါ့။ KTLA ဖိုးနယ်ဒါးအဖွဲ့ တွေနဲ့ပစ်တာလို့တော့သိရတယ်။ ဒရုန်းတွေကျဲ ချတာ။ ထိုင်းဘက်က တွေ့နေရတယ်။ ဝေါလေဗျူဟာက လက်နက်ကြီး ပစ်ထုတာလည်း တွေ့နေရတ ယ်။ ထိုင်းဘက်ကို ကျည်မကျဖို့ လေယာဉ်ကျော်မလာဖို့ ထိုင်းဘက်က စစ်တပ်ကတော့အသင့်အနေအထားပဲ ” ဟု ထိုင်း-မြန်မာနယ်ခြားကော်မတီနှင့်နီးစပ်သည့်စစ်သတင်းရင်းမြစ်ကပြောဆိုသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားနေသည့်အတွက် မြဝတီ-ဝေါ လေလမ်းပိုင်းကို KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ မဟာ မိတ်ပူးပေါင်းတပ်များကခေတ္တအသွား အလာရပ်ဆိုင်းထားပြီး သုံးထပ်ကွေ့ ၊ဖလူးကျေးရွာအထိ KNLA စစ် ကြောင်းများကိုလည်း တပ်လှန့်သတိပေးထားကြောင်း သိရှိရသည်။

ဝေါလေ အထက်ပိုင်းဒေသတွင် အကြမ်းဖက် စစ်တပ်ဝေါလေဗျူဟာ၊က‌‌နဲလေးစခန်းများရှိနေပြီး ဝေါလေ အောက် ဘက်ပိုင်းတွင် ဥကရစ်ထ၊ ဝါးမီးထ စစ်စခန်းများ၊ သေ့ဘောဘိုးစစ်စခန်းများ ကျန်ရှိနေသေးကြောင်းသိရှိရသည်။

လတ်တလော ထိုင်းမြန်မာနယ်စပ် ဖုတ်ဖရမြို့နှင့် အုန်းဖျန်မြို့အနီး မြန်မာဘက်အခြမ်းတွင် တိုက်ပွဲပြင်းထန်နေသည့် အတွက် ထိုင်းနယ်ခြားစောင့်စစ်တပ်က စစ်ရေးအသင့်အနေဖြင့် ကင်းလှည့်လျက်ရှိကြောင်း သိရှိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *