မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာ စာသင်ကျောင်းအနီးရှိ ထမင်းဆိုင်ကို စစ်ကောင်စီက ဗုံးကြဲချတိုက် ခိုက်ခဲ့ရာ PDF ရဲဘော်လေးဦးနှင့် ဒေသခံနှစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ မေ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်က မြိုင်မြို့နယ် အနောက်မြောက်ပိုင်းရှိ ဗဟင်းရွာကို ဂျက်ဖိုက်တာဖြင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုပြု လုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ထမင်းဆိုင်ထဲမှာ ထမင်းဝင်စားနေတဲ့ PDF ရဲဘော်လေးဦးနဲ့ ထမင်းဆိုင်ရှင်သားမိနှစ်ယောက် ပေါင်း ခြောက် ယောက်သေဆုံးသွားတယ်”ဟု မြိုင်ဒေသခံတစ်ဦးက ပြောသည်။

ဗုံးကြဲချတိုက်ခိုက်ခံရချိန်တွင် ထမင်းဆိုင်အတွင်းရှိ သားမိနှစ်ဦးနှင့် ထမင်းစားနေသည့် Triple-R တပ်ဖွဲ့ဝင် လေး ဦး စုစုပေါင်း ခြောက် ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

ယင်းမာပင်ခရိုင် တပ်ရင်း ၁၂၊ တပ်ခွဲ ၃ Triple-R တပ်ဖွဲ့မှ တပ်ခွဲမှူးရဲဘော်ဇော်မြတ်၊ ရဲဘော်ဒေးဗစ်၊ ရဲဘော်မွန်း၊ ရဲဘော်လင်းယုန်တို့ လေးဦးဗုံးထိမှန်သေ ဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ကလည်း မြိုင်မြို့နယ် ဖျသီးရွာအနီးကို ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပုံစာ- ဗဟင်းရွာ ဗုံးကြဲခံရပြီးနောက်တွေ့ရသည့်မြင်ကွင်း

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *