“ပျူခေါင်းဆောင် ဇော်ယုထွန်း အဖမ်းခံရပြီးနောက် မိတ္ထီလာ ပြည်သူ့စစ်တို့ မြိုင်မြိုင်ဆိုင်ဆိုင် နုတ်ထွက်နေကြ”

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကျင့်ပျက်မှုများအား ဝေဖန်ရေးသားမှုဖြင့် မိတ္ထီလာမြို့နယ် ပျူစောထီးခေါင်းဆောင် ဇော်ယုထွန်းကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် မိတ္ထီလာ ပြည်သူ့စစ်များ နုတ်ထွက်လာကြကြောင်းသိရသည်။

ဇော်ယုထွန်းအား ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းကြောင့် မိတ္ထီလာမြို့ ဌာနေပြည်သူ့စစ်အဖွဲ့မှ ၁၇ ဦး နုတ် ထွက်ကြောင်းအသိပေးသည်ဟု ယမန်နေ့တွင် မိတ္ထီလာပျူစောထီးတပ်ဖွဲ့ဝင်တဦးက လူမှုကွန် ရက်၌ ရေးသားထားသည်။

မလှိုင်မြို့နယ် စစ်ကောင်စီ၏ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ဝေဖြိုးကို ဇော်ယုထွန်းက ကားမှန်ချခိုင်းမှုကြောင့် အချင်း များသည့်ရုပ်သံဖိုင် ပျံ့နှံ့ခဲ့ပြီးနောက် ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် မိတ္ထီလာမြို့နယ်အတွင်း စစ်မှုထမ်းအတွက် လူစားထိုးငွေကြေးကောက်နေမှု၊ လူစားထိုးရန် ငွေကျပ်သိန်းဆယ်ချီပေးနေရမှုနှင့် ပေါ်တာဆွဲ ဖမ်းဆီး နေမှုများကြောင့် လူငယ်များ အပြင်မထွက်ရဲကြတော့ကြောင်း ရေးသားခဲ့၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်ခဲ့သည် ဟုဆိုကာ မေ ၁၅ ရက်တွင် ဇော်ယုထွန်းအား ဖမ်းဆီးခဲ့သည်။

ဗိုလ်မှူးကို ကားမှန်ချခိုင်းမိ၍ ပျူစောထီးခေါင်းဆောင်ဖမ်းဆီးခံရပြီးနောက် ပျူအဖွဲ့မှ ၁၇ ဦးနုတ်ထွက်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် ဗိုလ်မှူးတစ်ဦးမောင်းလာသည့်ကားကို မှန်ချခိုင်းသည့် ပျူစောထီး ခေါင်းဆောင် ဖမ်းဆီးခံရပြီးနောက် ပျူစောထီးအဖွဲ့ဝင် ၁၇ ဦး နုတ်ထွက်သွားကြောင်း သိရသည်။

စစ်ကောင်စီသည် ပျူစောထီးခေါင်းဆောင် ဇော်ယုထွန်းကို ပြီးခဲ့သည့် မေ ၁၅ ရက်က မိတ္ထီလာ မြို့အဝင်တိုးဂိတ်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး အမှုဖွင့်ထားကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ပျူစောထီးခေါင်းဆောင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားပြီး လူမှုကွန်ရက်စာမျက်နှာတွင် စစ်မှုထမ်းငွေကြေးကောက်ခံသည့် ကိစ္စနှင့်ပတ်သက်၍ ဝေဖန်ရေးသား သောကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု သတင်းလွှင့်ထားသည်။

သို့ရာတွင် ပြည်သူ့စစ် ပျူစောထီးအဖွဲ့များနှင့် နီးစပ်သူများက ဇော်ယုထွန်းမှာ မိတ္ထီလာတိုးဂိတ်တွင် လုံခြုံရေးယူနေစဉ် မလှိုင်မြို့နယ်ဘက်မှ ဗိုလ်မှူးတစ်ဦးမောင်းလာသည့်ကားကို မှန်ချခိုင်းရာမှ စကားများကြပြီး ဗိုလ်မှူးက “ငါ့အကြောင်းသိစေရမယ်”ဟု ခြိမ်းခြောက်ပြီးနောက် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ပြောဆိုမှုများရှိသည်။

ပျူစောထီးအဖွဲ့မှ နုတ်ထွက်သွားသူများထဲတွင် ဇေယျာဟိန်းဆိုသည့် ပျူစောထီးက “၎င်းတို့သည် ဆင်ပစ်မြွေများဖြစ်ပြီး ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးအရေးယူခြင်းမှာ မြွေခေါင်းကို ဖြတ်လိုက်သကဲ့သို့ ခန္ဓာ ကိုယ်နှင့်အမြီးမှာ ဘယ်သွားရမှန်းမသိဖြစ်ခဲ့ရပါသည်။ ဒါပေမဲ့ ကျွန်တော် တို့သည် မြွေချင်းတူပေမယ့် ဆင်ပစ်မြွေများသာဖြစ်ပြီး အမြီးမှာလည်း ခေါင်းပါကြောင်း သိစေ ချင်ပါသည်” ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

ထို့နောက် ဇေယျာဟိန်းဆိုသူအပါအဝင် ၁၇ ဦးမှာ မိတ္ထီလာမြို့ ဌာနေပြည်သူ့စစ်အဖွဲ့မှ နုတ်ထွက်ကြောင်း အသိပေးအပ်ပါသည်ဟုလည်း မျှဝေထားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *