“ALP တပ်မှာ စစ်တိုက်ခြင်းမရှိဘဲ တပ်ဖွဲ့ဝင်များကို နေရင်းထိုင်ရင်း ရာထူးတိုးပေး အခမ်းအနားအား စစ်သည်အင်အားကြိတ်ကြိတ်ကျဲဖြင့် ကျင်းပ”
ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့ လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲမှအပမရှိဟု ကြွေးကြော်ထားသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALPR မှာ စစ်တိုက်ခြင်းမရှိဘဲ တပ်ဖွဲ့ဝင်များအား ရာထူးတိုးပေးနေကြောင်း သိရသည်။
ပါတီဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပါတီတိုးတက်ရာ တိုးတက်ကြောင်း ကြိုးပမ်းကြသူများဟု ခေါင်းစဉ်ဖြင့် တပ်ဖွဲ့ဝင်များအား ရာထူးတိုးဂုဏ်ပြုပွဲ အခမ်းအနားကို မေလ ၁၁ ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်ပေးခဲ့သည်။
ALP တပ်ဖွဲ့ဝင်များကို ပါတီဥက္ကဌ ဒေါ်စောမြရာဇာလင်း ကိုယ်တိုင် အခမ်းအနားပြုလုပ်ပြီး ရာထူးတိုးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP သည် ရခိုင်ပြည် စစ်တွေမြို့တွင် အခြေစိုက်ပြီး အာဏာသိမ်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးယူထားကာ ဇိမ်ကျနေ သည့် တပ်ဖြစ်သည်။






Leave a Reply