ရာမည မွန်တပ်တော်အား မဟာမိတ်အဖြစ် သတ်မှတ်ပြီး တော်လှန်ရေး အောင်မြင်ရန် ပူးပေါင်းသွားမည်ဟု TNLA အသိပေး

ရာမည မွန်တပ်တော်အား မဟာမိတ်အဖြစ် သတ်မှတ်ပြီး တော်လှန်ရေး အောင်မြင်ရန် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က မေ ၂၄ရက်တွင် ထုတ်ပြန်ထားသည်။

လက်ရှိ မြန်မာပြည်သူတစ်ရပ်လုံးကို ဖိနှိပ်သတ်ဖြတ်နေသည့် စစ်ကောင်စီ၏ အာဏာရှင်ယန္တရားကို ပြည်သူတစ်ရပ်လုံးက ရရာလက်နက်ကိုင်စွဲပြီး တော်လှန်တိုက်ခိုက်နေရာ အဖိနှိပ်ခံပြည်သူလူထု၏ အမြင့်ဆုံးသော တော်လှန်ရေး ကာလ အခြေအနေကို ရောက်ရှိလာပြီး မွန်လူမျိုးတို့အတွက် တစ်ခုတည်းသော ရာမညမွန်တပ်တော်ကို ပေါင်းစပ် ထူထောင်လိုက်ခြင်းသည် မှန်သော တော်လှန်ရေးလမ်းကြောင်းဖြစ်သည်ဟု TNLA က ဆိုသည်။

ထို့ကြောင့် မြန်မာပြည်ရှိ မွန်၊ ၀၊ တအာင်း တို့ပါဝင်သည့် မွန်-ခမာ မျိုးနွယ်စုတို့သည့် မိမိတို့ လူမျိုးများကို စည်းရုံကာ ခိုင်မာအားကောင်းသည့် လက်နက်ကိုင်တပ်ဖွဲ့ကို ဖွဲ့စည်းရန် အထူးလိုအပ်နေသည်ဟု TNLA က ထောက်ပြထားသည်။

ထို့ကြောင့် PSLF/TNLA အနေဖြင့် ရာမညမွန်တပ်တော်ကို မဟာမိတ်အဖြစ်သတ်မှတ်ပြီး တော်လှန်ရေး ရည်မှန်းချက် ပန်းတိုင် အမြန်အောင်မြင်ရန် ပူးပေါင်းဆေင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

ယမန်နေ့က မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် -MLA တို့ပူးပါင်းပြီး ရာမညမွန်တပ်တော်( Ramonnya Mon Army-RMA) အဖြစ် ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ထာသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *