ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ရှင်းလင်းခံရပြီးနောက် နေပြည်တော်၏ မာန်မဲထု ထောင်းခြင်းဒဏ် ခံနေရသဖြင့် ရန်ကုန်တွင် စစ်ဆေးမှု များနေကြောင်း သိရသည်။
မေလ၂၄ရက်၊ည၈နာရီမိနစ်၄၀ခန့်တွင် လှိုင်သာယာမြို့နယ်၊ သမကုန်း၊ အတွင်းပဒံလမ်း၊ ရွှေကမ်း သာယာ အပြင်တန်းသို့ စစ်သားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့က နေအိမ်ထဲရှိလူများကို အပြင် ထွက်ခိုင်းကာ ဧည့်စာရင်းစစ်သည့်အပြင် သမကုန်းလမ်းထိပ်ဘက်တွင်လည်း DC စစ်ကားတစ်စီး ရပ်ထားပြီး ကားများနှင့် သုံးဘီးများကို တားစစ်ခဲ့ကြောင်း Rangoon Scout Network က သတင်း ထုတ် ပြန်သည်။
“အိမ်အပြင်ထွက်ခိုင်းပြီး ဧည့်စာရင်း၊ သန်းခေါင်စာရင်းနဲ့ တိုက်စစ်ပြီး စာရင်းမကိုက်ရင် ပြဿနာရှာ နေ တယ်လို့ပဲ ထပ်သိထားရပါတယ်”ဟု Rangoon Scout Networkမှ တာဝန်ရှိသူတစ်ဦးက မေလ၂၄ ရက်ည ၁၀နာရီဝန်းကျင်၌ ပြောသည်။
သမကုန်းသို့ DC ရဲကားတစ်စီး၊ DC စစ်ကားနှစ်စီးနှင့် Honda Fit တစ်စီးတို့ဖြင့် ရောက်လာကာ အိမ် များကို စစ်အုပ်စုဝင် အင်အား၂၀ ကျော်ဖြင့် လိုက်စစ်ခဲ့ကြောင်း သိရသည်။

ချိုထွန်းအောင် ပစ်ခတ်ခံခဲ့ရသည့် နေရာအနီးတစ်ဝိုက်ရှိ အိမ်များကိုလည်း စစ်သားအင်အားအများ အပြားဖြင့် စစ်ဆေးခဲ့သည်ဟုလည်း သိရကြောင်း ၎င်းက ဆိုသည်။
“သူတို့တွေ ခုတလော အထက်က ထောင်းတာတွေ၊ ဆဲတာတွေ ခံထားရတာမို့ အလုပ်တွေ လုပ်ပြ လိမ့်မယ်လို့ ထင်တယ်။ အစစ်အဆေး စိပ်ပြီး ရမ်းသန်းဖမ်းဆီးတာတွေ များလိမ့်မယ်ဗျ။ ဂရုစိုက်ကြဖို့ ပြောချင်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
မေလ၂၃ရက်ညကလည်း တောင်ဥက္ကလာပမြို့နယ်၊၁၂ရပ်ကွက်၊မာဃ၁၂လမ်းထဲသို့ စစ်ကောင်စီတပ် ကဧည့်စာရင်းဝင်စစ်ကာ လူငယ်အချို့ကို ဖမ်းဆီးသွားကြောင်း Rangoon Scout Network က ထုတ် ပြန်ထားသည်။
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာ သာရပ်နှင့် နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တို့ကို သင်ကြားပေးနေသူ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကိုမေ၂၂ရက်နံနက်ပိုင်းတွင်ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊အမှတ်ငါးရပ်ကွက်၊ရွှေနှင်းဆီခြောက်လမ်းရှိ ၎င်း၏အိမ်ရှေ့၌ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့ Golden Valley Warriors က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
၂၀၂၃ခုနှစ်၊ဇန်နဝါရီတစ်ရက်တွင် မင်းအောင်လှိုင်က ချိုထွန်းအောင်ကို ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခဲ့ကြောင်း Golden Valley Warriors က ဆိုသည်။


Leave a Reply