ပျူစောထီးတွေ ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့လို့ဆို
ပခုက္ကူ မြစ်ခြေနယ်ရှိ ဘဲရွာသစ် ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ပျူ စောထီးတွေထိခိုက်သေဆုံးမှုရှိကာ တော်လှန်ရေးရဲဘော်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင်-ပကဖ တပ် ဖွဲ့- ၅ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
မြစ်ခြေနယ်ထဲရှိ အောင်သာပျူစောထီးစခန်းအရှေ့ဘက်မှာ စစ်အုပ်စုနဲ့ပျူစောထီးအင်အား ၁၀၀ ခန့်နဲ့ အထိုင်ချ တပ်စွဲထားတဲ့ ဘဲရွာသစ်ပျူစောထီးစခန်းကို မေလ ၂၅ ရက် မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက် ပွဲကြာချိန် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့တယ်လို့ ပခုက္ကူခရိုင်-ပကဖ တပ်ဖွဲ့-၅ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲကြာချိန်ကတော့ ကျနော်တို့ ၁၅ မိနစ်လောက်ပဲ ကြာတယ်။ ရန်သူ့ဘက်က ထိခိုက်တဲ့ အရေအတွက်က ငါး ယောက်လောက် ထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့သိရတယ်ဗျ။ အသေအပျောက်စာရင်းကတော့ စိစစ်ဆဲပဲ ရှိသေး တယ်။ ဧရာဒေါင်း အဖွဲ့က ရဲဘော်တစ်ဦးထိမှန်ပြီး နောက်ကို ပြန်ဆုတ်လိုက်ရတယ်” လို့ ဧရာဒေါင်းပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တစ်ဦးရင်ဘတ်နဲ့ဦးခေါင်းကို ကျည်ထိမှန်ဒဏ်ရာ ရ တာကြောင့် ပြန်ဆုတ်ခဲ့ရပြီး ဒဏ်ရာကတော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို ပခုက္ကူခရိုင်လှုပ်ရှားတပ် တပ်ဖွဲ့-၅(ဧရာဒေါင်း)၊ ပေါက် ပကဖ BLY ပြောက်ကျားတပ်ဖွဲ့၊ King Fighter(SGF)၊ ABSDF ကျောင်းသားတပ်မတော် အမှတ်-၃ စစ်ကြောင်း နဲ့ ပေါက် ပကဖ ဇုံ(၄) တပ်ဖွဲ့ တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


Leave a Reply