မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ ၁၀၇ မမရှော့တိုက်ဒုံးများ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် -နမခ အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ ၆ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီသား များ ထိခိုက်သေဆုံးပျက်စီးမှုရှိနိုင်ကြာင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။

မေလ ၂၅ ရက်နေ့ ည ၆ နာရီ ၄၉ မိနစ်အချိန် မုံရွာမြို့အခြေစိုက် အခြေစိုက် စစ်ကောင်စီ၏ အနောက် မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းသို့ ၁ဝ၇ မမရှော့တိုက်ဒုံး ၇ လုံး ပစ်ခတ်ရာ ၆ လုံးကို အောင်မြင်စွာ ပစ်နိုင်ခဲ့ပြီး ရှော့တိုက်ဒုံးများထိရောက်ပေါက်ကွဲမှုကြောင့် နမခအတွင်းမှ ချက်ချင်း တန်ပြန်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ နမခအတွင်း ထိခိုက်မှုများရှိနိုင်ပြီး အသေးစိတ်သိရှိနိင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ဘယ်နေရာမှာမှ လုံခြုံမှု မရှိစေရဘူးလို့ပြောချင်ပါတယ်” ဟု Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ No More Dictatorship (NMD) နှင့် Shadow (Monywa) အဖွဲ့ တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး နယ်မြေခံများဖြစ်သော Yan Gyi Aung အဖွဲ့၊ Budalin Mobile Team အဖွဲ့၊ နယ်မြေခံပကဖ၊ ရွှေတြိဂံ မဟာမိတ် တပ်ရင်း၊ Justice Brothers Force အဖွဲ့တို့ကလည်း တတ်နိုင်သည့်အခန်းကဏ္ဍများမှ ဝိုင်းဝန်းကူညီပေးခဲ့ကြောင်း သိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနှင့် ချင်း ပြည်နယ်တို့ရှိ စစ်ကောင်စီ ၏တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့များကို အဓိကအမိန့်ပေးကွပ်ကဲနေသော စစ်ဌာနချုပ်ဖြစ်၍ ၎င်းဒေသများရှိ တော်လှန်ရေး အင်အားစုများအတွက်ကို အဓိက တိုက်ခိုက် နေ သော စစ်ဌာနချုပ်ဖြစ်သည်ဟု BWM က ပြောဆိုသည်။

ထို့ပြင် အညာဒေသပြည်သူများကို အဓိက ဒုက္ခပးနေသော စက်တပ်လေထီးများကို အဓိက သို လှောင်ထားရှိနေသော စစ်ကောင်စီဌာနချုပ်ဖြစ်သည့်အပြင် အိုး ထိန်းကွင်းရွာ လေကြောင်း ဗုံးကျဲမှုကိစ္စအပါအဝင် အညာ ဒေသကို လေကြောင်းတိုက်ခိုက်မှုနှင့် အရပ်သားပြည်သူများကို သတ်ဖြတ်မှုများအတွက် အဓိက ကြိုး ကိုင်ခြယ်လှယ်ကွပ်ကဲနေသော စစ်ဌာနချုပ်တစ်ခုလည်းဖြစ်နေသောကြောင့် BWM နှင့် မဟာမိတ် အဖွဲ့များက BWM ၏ Mission ၃၉ အဖြစ် ဖော်ဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *