အသုတ်မြို့တွင် စခန်းမှူး၏ခွင့်ပြုချက်ဖြင့် ရဲတပ်သားတစ်ဦးကဦးဆောင်ပြီး လောင်းကစားဝ်ိုင်းများနေ့စဥ်ပြုလုပ်

ဧရာဝတီတ်ိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ စခန်းမှူး၏ခွင့်ပြုချက်ဖြင့် ရဲတပ်သားတစ်ဦးက ဦးဆောင်ပြီး လောင်းကစားဝိုင်းများ နေ့စဥ်ပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။

စခန်းမှူး၏ ခွင့်ပြုချက်ဖြင့် ဦးဆောင်ပြုလုပ်နေသည့် ရဲတပ်သားမှာ အောင်သီဟဖြစ်ပြီး အသုတ်နယ်မြေရဲစခန်းတွင် နေထိုင်ကြောင်း ဒေသခံများကပြောဆိုသည်။

“လောင်းကစားဝိုင်းကို နေ့စဥ်ရက်ဆက်ပြုလုပ်နေကြတာ၊ ရဲတွေကလုံခြုံရေးယူပေးပြီးတော့ကို ပေါ်ပေါ်တင်တင်လုပ်နေတာ။ ပြီးတော့ စခန်းမှူးက ခွင့်ပြုထားတာဆိုတော့ ပိုလုပ်နေကြတာပေါ့”ဟု အသုတ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ လောင်းစကားဝိုင်းများကို အသုတ်မြို့၊ အမှတ် (၂)ရပ်ကွက်၊ ကျွန်းတောနှင့် ထိန်ငူကျေးရွာအကြားရှိ ခြံလွတ်တစ်နေရာတွင် တရားမဝင်ပြုလုပ်နေခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

၎င်းတို့ပြုလုပ်နေသည့် လောင်းကစားဝိုင်းများတွင် ခြောက်ကောင်ဝိုင်း၊ လေးကောင်ဂျင်ဝိုင်းများက်ို အဓိကထားပြုလုပ်ပြီး အခြားသော လောင်းကစားဝိုင်းများလည်း ပါရှိကြောင်း သိရသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ပြီး ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက်ိုငွေပေး၍ လောင်းကစားဝိုင်းများပြုလုပ်လာကြသည်မှာ ယခင်ကထက်ပိုမို​များပြားလာကြောင်း ဒေသခံများ၏ပြောဆိုချက်အရသိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *