ထိုင်း-မြန်မာနယ်စပ်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကူလာသည့် စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရပြီး သုံ့ပန်းများဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ၊ မြဝတီ-ဝေါလေလမ်းပေါ်ရှိ ဒီမိုကရေစီအကျိုုးပြု ကရင့်တပ်မတော် (DKBA) ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်ရွာ အနီးတွင် ယနေ့(မေ ၂၈ ရက်) တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကူလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၂၀ ကျော်နှင့် လက်နက်အများအပြား ရရှိခဲ့သည်ဟု ဒေသခံ စစ်ရေးအရင်း အမြစ်များထံမှ သိရသည်။

DKBA ဌာနချုပ်အနီးရှိ စစ်ကောင်စီ နယ်စပ်တပ်စခန်းဖြစ်သည့် သေဘောဘိုး စစ်တပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA/KNU) နှ့င် မဟာမိတ်တပ်များက ထိုးစစ်ဆင်နေရာ မြဝတီ-ဝေါလေလမ်းအတိုင်း စစ်ကူလာသည့် စစ်ကောင်စီအင်အား ၁၀၀ ခန့်ကို ဆုံဆည်းမြိုင် ရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် အမျိုးသား ညီညွတ်ရေး အစိုးရကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်း စစ်ဒေသ စစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၂ စစ်ကြောင်းတို့ ဦးဆောင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

သေဘောဘိုး စခန်းသို့ စစ်ကူပေးရန်လာသည့် စစ်ကောင်စီ စစ်ကြောင်းများကို မေ ၂၇ နှင့် ယနေ့ ( မေ ၂၈) တို့တွင် KNLA PDF ဗျူဟာ ၃၂ စစ်ကြောင်းများမှ ပိတ်ဆို့ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု Black Panther Colum အဖွဲ့က ဖော်ပြထားသည်။

PDF ဗျူဟာ ၃၂ စစ်ကြောင်းတွင်း Cobra Colum ၊ Black Panter Colum ၊ Venom Colum တို့ပါ ဝင်ပြီး ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရင်း ၃ ရင်း၊ ဗျူဟာ ၁ ဗျူဟာနှင့် ကာကင်းစခန်း ငယ် ၁၁ ခု တို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု တောင်ပိုင်း စစ်ဒေသက ထုတ်ပြန်ထားသည်။

KNLA/PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၏ တိုက်ပွဲများကြောင့် DKBA ဌာနချုပ်အနီး ဆုံဆည်မြိုင်ရွာရှိ ဒေသခံ ရာနှင့်ချီပြီး ထိုင်နိုင်ငံဘက်သို့ စစ်ရှောင်နေကြရသည်။

KNLA/PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ထိုင်း-မြန်မာ နယ်စပ်ရှိ စစ်ကောင်စီ၏ သေဘောဘိုး တပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်နေပြီး လုံခြုံရေး အခြေအနေအရ အသေးစိတ် အချက်အလက်များကို မထုတ်ပြန်နိုင်သေးဟု ထိုဒေသ အခြေစိုက် စစ်ရေး သတင်းအရင်းအမြစ်က ပြောသည်။

ပြီးခဲ့သည့် နှစ် ဒီဇင်ဘာ ၁၆ ကစတင်ပြီး ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်အခြေစိုက် စစ်ကောင်စီတပ်စခန်း ၈ ခု ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က မေ ၂၁ က ထုတ်ပြန်ထားသည်။

ထိုင်း-မြန်မာနယ်စပ် KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်သည့် ဒူးပလာယာခရိုင်ရှိ သေဘောဘိုး၊ ဝေါလေ၊ ကျောက်ခက်၊ ဖလူးစသည့် စစ်ကောင်စီတပ် စခန်းများမှာ ၂၀၂၂ ခုနှစ် ဆန်းပိုင်းတွင် KNLA/PDF တပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ လေကြောင်း ပစ်ခတ်မှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရသည့် တပ်စခန်းများ ဖြစ်သည်။

မြဝတီ-ဝေါလေ လမ်းပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဘယ်လိုတိုက်ခိုက်ခဲ့သလဲ

ထိုင်း-မြန်မာနယ်စပ်က ကရင်ပြည်နယ်၊ မြဝတီ-ဝေါလေ လမ်းပိုင်းမှာရှိတဲ့ သေ့ဘောဘိုးစစခန်းကို စစ်ကူလာတဲ့ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဒီကနေ့(မေ ၂၈)မနက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်း အရှင်ဖမ်းမိထားပြီး၊ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း ဘယ်လိုတိုက်ခိုက်ခံခဲ့ရသလဲဆိုတာ ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။

ရုပ်သံ – Sun Poe

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *