“လင်မယားချင်းဖလှယ်ကာ လိ-င်ဆက်ဆံသည့် Video များ ရိုက်ကူးရောင်းချပြီး ဘတ် ၁၀ သန်းကျော် စီးပွားရှာခဲ့သည့် စုံတွဲများကို ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) ဖမ်းဆီး”

ထိုင်းနိုင်ငံ၏ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန ရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်များမှ ဇနီးမောင်နှံများစွာကို လူမှုကွန်ရက် X တွင် လင်မယားဖလှယ်ကာ လိင်ဆက်ဆံသည့်ဗီဒီယိုများ ထုတ်လုပ်ဖြန့်ချိမှုဖြင့် ဖမ်းဆီးခဲ့သည်။

ဖမ်းမိသည့်တရားခံတို့တွင် စုစုပေါင်း Follower ၁၃ သန်းကျော်ရှိပြီး ဝင်ငွေ ဘတ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ ခန့်) ကျော် ရရှိခဲ့သည်။

တရားခံများကို ဖမ်းဆီးမှုအဖြစ် မေလ ၂၃ ရက်တွင် အသက် ၃၂ နှစ်အရွယ်အမျိုးသမီး ချတ္တလာဒါနှင့် ခင်ပွန်း နာတာဝပ် တို့ကို ဘူရီရမ်ပြည်နယ်ရှိ ၎င်းတို့၏နေအိမ်တွင် ဖမ်းဆီးခဲ့သည်။

CIB စုံစမ်းစစ်ဆေးရေးမှူးများ၏ ပြောကြားချက်အရ ဘူရီရမ်ဆေးရုံတွင် သူနာပြုအဖြစ် လုပ်ကိုင်နေသည့် ချတ္တလာဒါသည် လင်မယားဖလှယ်လိင်ဆက်ဆံခြင်းကို နှစ်သက်သူဖြစ်ကြောင်း သိရသည်။ ထို့အတွက် သူမ၏ခင်ပွန်း နာတာဝပ်က သူမနှင့် လိင်ဆက်ဆံလိုသော အခြားအမျိုးသားများကို ရှာဖွေပေးပြီး သူမကို ပါတနာ ရွေးချယ်ခွင့်ပြုခဲ့သည်။ ထို့နောက် ၎င်းတို့သည် လိင်ဖလှယ်မှုဆိုင်ရာ ဗီဒီယိုများကို အတူတကွ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် နာတာဝပ်သည် ထိုဗီဒီယိုများကို Platform X တွင် တင်ခဲ့ပြီး စာရင်းသွင်းအဖွဲ့ဝင်ကြေး ဘတ် ၃၀၀-၅၀၀ ပေးမှ အပြည့်အစုံကြည့်ရှုနိုင်သော Private Group များသို့ ဖိတ်ခေါ်ခဲ့သည်။

ဇနီးမောင်နှံနှစ်ဦးစလုံးသည် အဆိုပါ လင်မယားဖလှယ်လိင်ဆက်ဆံသည့် ဗီဒီယိုများကို Private Group များတွင် ဗီဒီယိုများ ရိုက်ကူးရောင်းချခဲ့မှုမှ နှစ်စဉ် ဘတ် ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆,၁၅၅) ခန့် ဝင်ငွေရရှိခဲ့ကြောင်း ဝန်ခံခဲ့သည်။

တစ်ချိန်တည်းမှာပင် ရဲတပ်ဖွဲ့က စကွန်နာခွန်၊ ခွန်ကဲန်နှင့် ဥဒုံဌာနီပြည်နယ်များမှ အသက် ၂၆ နှစ်အရွယ်အမျိုးသမီး ပါဝါရီဆာနှင့် ခင်ပွန်း ရန်နာကန်၊ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးဆုသီဒါနှင့် ခင်ပွန်း ချတ်ချာဝမ်တို့ကို ဖမ်းဆီးခဲ့သည်။

၎င်းတို့အားလုံးသည် ခင်ပွန်းများက ၎င်းတို့၏ ဇနီးများနှင့် အခြားအမျိုးသားများပါဝင်သည့် လိင်ဆက်ဆံမှုဗီဒီယိုများ ရိုက်ကူးပြီး Private Group အဖွဲ့ဝင်များထံ ရောင်းချသည့် X အကောင့်များကို ပိုင်ဆိုင်ကြသည်။

ဤဖမ်းဆီးမှုစစ်ဆင်ရေးအရ သံသယရှိသူများအားလုံးတွင် Follower ၁၃ သန်းကျော်ရှိပြီး စုစုပေါင်းဝင်ငွေ ဘတ် ၁၀ သန်းကျော် ရရှိခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

Translated by Thettant

Ref, Khaosod

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *