ကျောက်ဖြူတွင် တပ်မ ၁၁ နည်းဗျူဟာမှူးနှင့် ခမရ ၅၄၃ မှ ဗိုလ်ကြီးအဆင့်ရှိသူတို့ AA ၏ စနိုက်ပါကျည်ထိမှန် သေဆုံး

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် AAတို့အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေရာ စစ်ကောင်စီ၏ တပ်မ ၁၁ မှ နည်းဗျူဟာမှူးတစ်ဦး နှင့် ဗိုလ်ကြီးတစ်ဦးတို့ စနိုက်ဘာကျည်ထိမှန်သေဆုံးကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၂၆ရက်နေ့တွင် ရွှေ OGT သဘာဝဓာတ်ငွေ့ဖြန့်ချိရေး စက်ရုံအနီး ဖြစ်ပွားသည့်တိုက်ပွဲတွင် AA ၏ စနိုက်ပါကျည်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဗျူဟာမှူး၏ အလောင်းကို မေ ၂၇ရက်နေ့က ရန်ကုန်သို့ အထူးလေယာဉ်ဖြင့်ယူဆောင်သွားပြီဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

“တပ်မ ၁၁က ၁၀၂၇ စစ်ဆင်ရေးစကတည်းက ရခိုင်ကိုအပို့ခံထားရတာ။ ပလက်ဝတိုက်ပွဲတွေကတည်းက အင်အားကဆုံးရှုံးပြီးနေပြီ။ ရှေ့တန်းဗျူဟာအဆင့်တပ်စွဲနေရာတွေကိုလည်း AA ကတက်သိမ်းထားပြီးပြီ။ ဗျူဟာမှူးနဲ့ အင်အားထုတ်နှုတ် ၂၀၀ လောက် ပဲကျန်မယ်ပေါ့။ အခု ဗျူဟာမှူးကတော့ စနိုက်ပါကျည်ထိမှန်သေတာ မှန်ပါတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မလကျွန်းမှတပ်ဆုတ်လာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ရွှေ OGT တရုတ်သဘာဝဓာတ်ငွေ့စက်ရုံကို အကာအကွယ်ပြုကာ တပ်စွဲထားပြီး စက်ရုံအနီး တိုက်ပွဲများဖြစ်လာခြင်း ဖြစ်သည်။

တိုက်ပွဲများပြင်းထန်လာသည့်အတွက် စက်ရုံအတွင်းမှ ဝန်ထမ်းများ ထွက်ပြေးကုန်ကြကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြထားသည်။

စစ်ကောင်စီဘက်က ကျောက်ဖြူတိုက်ပွဲတွင်ထိခိုက်သေဆုံးမှုများသည့်အတွက် မြို့ပေါ်အုပ်ချုပ်ရေးအဖွဲ့များ စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *