ပြည်သူများ၏ အထောက်အပံ့များကို အလွဲ သုံးစားမပြုရန်နှင့်တော်လှန်ရေးကို မလုပ်စားရန် KNDF စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်ပြော

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က KNDF ရဲဘော်များ အနေဖြင့် ပြည်တွင်း၊ပြည်ပမှ ပြည်သူလူထု၏ အထောက်အပံ့များကို အလွဲသုံးစားမလုပ်ရန် နှင့် တော်လှန်ရေးကို မလုပ်စားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

KNDF စစ်ဦးစီးချုပ်က ယနေ့ မေ ၃၁ ရက်နေ့တွင် ကျရောက်သည့် KNDFတပ်ဖွဲ့ တည်ထောင်ခြင်း လေး နှစ်ပြည့်မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရဲဘော်များအနေဖြင့် နိုင်ငံရေးကို နားလည်ရန် လိုအပ်သော်လည်း KNDF တပ်ဖွဲ့သည် လက် နက်ကိုင်အဖွဲ့အစည်းသာဖြစ်ပြီး နိုင်ငံရေးအဖွဲ့ အစည်းမဟုတ်ကြောင်း သိရှိရန်လိုအပ်သည်။

ထို့ကြောင့် စစ်မြေပြင်တွင် လိုက်နာရမည့် ကျင့် ဝတ်၊ ဥပဒေစည်းကမ်း၊ လူထုအရေး၊ ကလေး သူငယ်၊ အမျိုးသမီးတို့ကို ကာကွယ်ရန်လိုအပ် ကြောင်းလည်း KNDF စစ်ဦးချုပ်က ပြောဆိုခဲ့သည်။

ထို့ပြင် မူးယစ်ဆေးဝါးများကိုလည်း တိုက်ဖျက်ရန်လိုအပ်ပြီး မိမိတို့တာဝန်ကျရာ ဒေသများတွင်ဘိန်းစိုက်ပျိုးခြင်းများကို အထူးတားမြစ်ရန် လိုအပ်ကြောင်းလည်း ဗိုလ်မှူးချုပ်အောင်မြတ်က ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

တော်လှန်ရေး လေး နှစ်တာကာလတွင် ပြည်သူ လူထု၏ အသက်အိုးအိမ်များ၊ ရဲဘော်လူငယ်များ၏ အသက်သွေးချွေးများ ပျက်စီးဆုံးရှုံးခဲ့ရပြီး အသက်စွန့်သွားသည့် ရဲဘော်များ၏ မိသားစုဝင်များကို ကျန်ရှိသည့်ရဲဘော်များမှ ကူညီ စောင့်ရှောက်ရမည်ဟု နှလုံးသွင်းထားရမည်ဖြစ်ကြောင်းလည်း KNDF စစ်ဦးစီးချုပ်က ဆိုသည်။

ထပ်မံ၍ တပ်ဖွဲ့ဝင်များ အနေဖြင့် ရာထူး နှင့် တာဝန်ဝတ္တရားများကို ခွဲခြားသိမြင်ရန်လည်း လိုအပ်ပြီး မိမိတို့၏ ယုံကြည်ချက်၊ ခံယူချက်၊ ရည်မှန်းချက်များ မပျောက်ပျက်သွားရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

ကရင်နီတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် KNDF သည် ၂၀၂၁ ခုနှစ်၊ မေ ၃၁ ရက်နေ့မှ စတင်ကာ ဖွဲ့စည်းတည်ထောင်ခဲ့သည့် လေး နှစ်တာကာလအတွင်း တပ်ရင်း ၃၅ ရင်းနှင့် ဗျူဟာ ကိုး ခုအထိဖွဲ့စည်းထားနိုင်ခဲ့ပြီဖြစ်ဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – KNDF

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *