စစ်ကောင်စီက အပစ်ရပ်ကာလထပ်တိုးကြောင်း ကြေညာပြီး သပိတ်ကျင်းစာသင်ကျောင်းကို ဗုံးကြဲ

စစ်ကောင်စီ အပစ်ရပ်ကြေညာသည့် နှစ်လကျော်အတွင်း သပိတ်ကျင်းကို ၁၂.ကြိမ်ထက်မနည်း ဗုံးကြဲ၊ ပြည်သူ ၄၀ ကျော်သေဆုံးပြီး ၈၀ ကျော်ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြိုနယ်ရှိစ ာသင်ကျောင်းတခုကို စစ်ကောင်စီကဇွန်လ ၁ ရက် မနက်အစောပိုင်းတွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁ ရက်နံနက် ၇ နာရီ ၄၀ ခန့်တွင် သပိတ်ကျင်းမြိုနယ် ၄ မိုင် ကန်သာစာသင်ကျောင်းကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး သီး ၁ လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ​ဖော်ပြထားသည်။

ဗုံးကြဲမှု​ကြောင့်ပြည်သူ​သေဆုံးထိခိုက်မှုမရှိ​သော်လည်းစာသင်​ဆောင် နှစ်​ဆောင်ပျက်စီးသွား​ကြောင်းအသိ​ပေးထားသည်။

စစ်ကောင်စီသည် မေလ ၃၁ရက် နေ့စွဲဖြင့် ဇွန်လ တစ်လလုံးကို ယာယီအပစ်ရပ်စဲရေး ကာလအဖြစ် ထပ်မံ တိုးမြှင့်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် နာရီပိုင်းအကြာ ဇွန်လ ၁ရက် မနက်အစော၌ စာသင်ကျောင်းကိုထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ငလျင်ဘေး အကြောင်းပြပြီး ဧပြီလနှင့်မေလတို့တွင် အပစ်ရပ်စဲရေးကြေညာခဲ့ပြီး နိုင်ငံတစ်ဝန်း အကြိမ်​ရေ ရာချီ၍ ဗုံးကြဲခဲ့ပြီး ၊စစ်​ကြောင်းထိုး တိုက်ခိုက်မှုများလည်းပြုလုပ်ခဲ့သည်။

သပိတ်ကျင်းမြို့နယ်တစ်ခုတည်းမှာပင် အပစ်ရပ်​ကြေညာထား​သောကာလအတွင်း ဗုံးကြဲမှု အနည်းဆုံး ၁၂ ကြိမ်ပြုလုပ်ခဲ့ပြီး ​ဒေသခံပြည်သူ ၄၀ ​ကျော်​သေဆုံးကာ ၈၀ ​ကျော်ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီသည် သပိတ်ကျင်းမြိုနယ် ၊လိပ်ကျရွာကိုမေလ ၂၀ရက်ကလည်း လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် မေလ ၁၈ ရက်ကလည်း လိပ်ကျရွာကိုပင် လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့သည်။

မေလ ၁၅ ရက်ကလည်း သပိတ်ကျင်းမြိုနယ် ၉မိုင် ကျေးရွာနှင့် လမ်းလယ်ကျစ်ကျေးရွာ ကြား စစ်ရှောင်စခန်းကိုလည်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ် ၄ ဦး အပါအဝင် ပြည်သူ ၉ ဦး ဒဏ်ရာရခဲ့သည်။

မေလ ၁၀ရက်ကလည်း သပိတ်ကျင်း ဇရပ်ကွင်း ကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ဦး သေဆုံးပြီး ၇ဦး ဒဏ်ရာရခဲ့သည်။

မေလ ၇ရက်ကလည်းသပိတ်ကျင်းမြိုနယ် ရေထွက်ရွာ ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာက​လေးငယ်များအပါအဝင် ပြည်သူ ၁၀ ဦး ဒဏ်ရာရခဲ့သည်။

ထိုအပြင်ဧပြီလအတွင်းကလည်း သပိတ်ကျင်းမြိုနယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့၍ ပြည်သူများ အစုလိုက် သေဆုံးထိခိုက်မှု ဖြစ်ခဲ့သည်။ ဧပြီ ၂၀ ရက်တွင် သပိတ်ကျင်း ညောင်ပင်သာရွာကို လေကြောင်း တိုက်ခိုက်ရာ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့သည်။

ဧပြီ ၁၉ ရက်က သပိတ်ကျင်းမြိုနယ် ရေထွက်ရွာကို လေကြောင်း တိုက်ခိုက်ခဲ့၍ ပြည်သူ ၂၄ ဦးထက်မနည်း သေဆုံးကာ ၃၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။ ဧပြီ ၁၈ရက်ကလည်း လိပ်ကျရွာကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၃ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ ဧပြီ ၁၆ရက်ကလည်းသပိတ်ကျင်း လိပ်ကျရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ထိခိုက်မှုမရှိခဲ့ပေ။

ဧပြီ ၁၄ ရက်ကလည်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာကို ဗုံးကြဲခဲ့ရာ ပြည်သူ ၂ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရခဲ့သည်။

ဧပြီ ၁၁ ရက် ညကလည်း သပိတ်ကျင်း ကြက်ရိုးပင်ရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့သည်။

ဧပြီ ၃ ရက်ကလည်း သပိတ်ကျင်းမြို့နယ် ၇မိုင်ရွာအနီး စစ်ကောင်စီ လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူထိခိုက်မရှိပေ။

စစ်ကောင်စီသည် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ ပြည်သူများ လေကြောင်းရန် ကာကွယ်နိုင်ရေး ပုန်းခိုကျင်းများ တူးထားရန် ပြင်ဦးလွင်ခရိုင် ပကဖက နှိုးဆော်ထားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *