ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို အနီးကပ်ဝင်ရောက် တိုက်ခိုက်ာမှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အနီးကပ်ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့ နံနက်အစောပိုင်း ၃ နာရီ ၃၀ မိနစ်ခန့်တွင် ပခုက္ကူမြိုပေါ်ရှိ ခရိုင်မီးသတ်ရုံတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ်သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီးအကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦး​သေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေရာကို ပခုက္ကူမြို့ပေါ်ရှိ တပ်မ ၁၀၁ နှင့် လက်အောက်ခံ တပ်စခန်းများမှ စစ်ကူများ လာရောက်သောကြောင့် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

“ပခုက္ကူမြိုပေါ်က မိဘ ပြည်သူများအနေနဲ့ စစ်ကောင်စီ တပ်စခန်းတွေ စစ်ကောင်စီ တပ်သားတွေ ပျူစောထီးတွေနဲ့ ဝေးဝေးနေပေးဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Shwe Nyar Myae PDF နှင့် ပခုက္ကူ ပကဖ တပ်ရင်း ၁ ၊ နယ်စည်းမခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင် ပကဖ တပ်ရင်း(၃) တပ်ခွဲ(၄) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *