မင်းအောင်လှိုင်နှင့်မိသားစုအသုံးပြုရန် ငှားရမ်းထားသော Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALK ကို ဝယ်ယူရာတွင် နိုင်ငံတော်ဘတ်ဂျက်မှ အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါးအသုံးပြုခဲ့ပြီး မင်းအောင်လှိုင် စိတ်တိုင်းကျ လေယာဉ်အတွင်းပိုင်းကို ပြင်ဆင်ခဲ့

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်မိသားစုအသုံးပြုရန် ငှားရမ်းထားသော Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALK ကို ဝယ်ယူရာတွင် နိုင်ငံတော်၏ဘတ်ဂျက်မှ အမေရိကန်ဒေါ်လာ သန်း ၆၀ နီး ပါး အသုံးပြုခဲ့ပြီး မင်းအောင်လှိုင် စိတ်တိုင်းကျ လေယာဉ်ကို ပြင် ဆင်ခဲ့ကြောင်း မြန်မာ့လေကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း မင်းအောင်လှိုင်နှင့်မိသားစု အသုံးပြုရန် အမေရိကန်နိုင်ငံ၊ AVIATION CAPITAL GROUP ထံမှ ငှားရမ်းထားသည့် Airbus အမျိုး အစား A319-115 (MSN 5193) လေယာဉ် XY-ALK ကို ဝယ်ယူခဲ့ရာ တွင် အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါး အသုံးပြုခဲ့ကြောင်း၊ ယင်းအမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါးမှာ လေယာဉ်ကို အပြီးအပြတ် ဝယ်ယူခြင်းနှင့် မင်းအောင် လှိုင် စိတ်တိုင်းကျ လေယာဉ်အတွင်းခန်းများ ပြင်ဆင်ခြင်းအတွက် သုံး စွဲခဲ့ကြောင်း သိရှိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI က အမည်ခံပေးထားသော အဆို ပါ Airbus လေယာဉ်မှာ မင်းအောင်လှိုင် ခရီးစဉ်များအတွက် သီးသန့် အသုံးပြုနေပြီး ယင်းလေယာဉ်ဖြင့် မင်းအောင်လှိုင် မိသားစုကလည်း ပြည်ပခရီးစဉ်များ တိတ်တဆိတ်သွားရောက်လေ့ရှိကြောင်း သိရှိရသည်။

လွန်ခဲ့သော နှစ်များအတွင်း မင်းအောင်လှိုင်၏ ဇနီး ကြူကြူ၊ သားသမီးနှင့် မြေး များ စင်ကာပူသို့ အလည်အပတ်သွားရာတွင်လည်းကောင်း၊ တောင်ကိုရီးယားနိုင်ငံသို့ မင်းအောင်လှိုင်၏ဇနီးနှင့် သားသမီးများ စျေးဝယ်ထွက်ရာတွင်လည်းကောင်း MAI Airbus လေယာဉ်ကို အသုံးပြုခဲ့ကြောင်း သိရှိရသည်။

MAI လေကြောင်းလိုင်းမှာ ယခင်က KBZ ဦးအောင်ကိုဝင်းက ပိုင်ဆိုင်ခဲ့သော် လည်း ယခုအခါ 24 Hour ကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌ ဦးအောင်အောင်ဇော်က ပိုင် ဆိုင်ထားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *