ထားဝယ်မြို့နယ်၊ ကြက်စားပြင် ကမ်းနားလမ်းတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်

ထားဝယ်မြို့နယ်၊ ကြက်စားပြင် ကမ်းနားလမ်းတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု ဗျူဟာမှူး အပါအဝင် ၁၁ ဦးသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကြက်စားပြင် ကမ်းနားလမ်းတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ ဗျူဟာမှူး အပါအဝင် ၁၁ ဦးသေဆုံးခဲ့ကြောင်း Special Guerrilla Force – အထူးပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မေလ ၃၀ ရက်နေ့ ညနေ ၆ နာရီ ၅၇ မိနစ်ခန့်တွင် ထားဝယ်မြို့နယ်၊ ကြက်စားပြင်ကမ်းနားလမ်း တံခွန်ငါးဈေး အနီးတွင် အထိုင်ချ တပ်စွဲ၍ လောင်းလုံးမြို့နယ် ဘက်ကို လက်နက်ကြီးများဖြင့် ပစ်ကူနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗျူဟာမှူး အပါအဝင် ၁၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြားကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်းကတော့ ထပ်တိုးတော့ မရှိပါဘူး။ အင်အားကတော့ သူတို့ ရောက်လာတာ ၁၅ ကောင်ပဲရှိတယ်။ ကျနော်တို့ တိုက်ခိုက်မှုအတွင်းမှာ ဗျူဟာမှူး အပါအဝင် ၁၁ ဦးသေဆုံးတယ်လို့ သိရတယ်” ဟု Special Guerrilla Force – အထူးပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို အထူးပြောက်ကျားတပ်ဖွဲ့ (Special Guerrilla Force) နှင့် ပင်လယ်ကြယ်တပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *