PDF ကို စစ်တပ်ထင်ပြီး ဝန်ထမ်းကတ်ထုတ်ပြတဲ့ စစ်ဆေးအရာရှိနှစ်ဦး အဖမ်းခံလိုက်ရ

ညောင်ဦးမှာ PDF ကို စစ်တပ်ထင်ပြီး ဝန်ထမ်းကတ်ထုတ်ပြတဲ့ စစ်ဆေးအရာရှိနှစ်ဦး အဖမ်းခံလိုက်ရ

ညောင်ဦးမှာ PDF ​တွေကိုစစ်ကောင်စီတပ်ထင်ပြီး ဝန်ထမ်းကတ်ထုတ်ပြတဲ့ စစ်ဆေး အရာရှိနှစ်ဦးအဖမ်းခံလိုက်ရပါတယ်။

ပြီးခဲ့တဲ့မေလ၂၀ရက်​နေ့၊မနက်၁၀ နာရီခန့်က မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊ညောင်ဦး-ချောက် ကားလမ်းပိုင်းတနေရာမှာ ကာကွယ်ရေးအဖွဲ့တွေကအရပ်ဝတ်နဲ့ စစ်ဆေးနေတဲ့အချိန် ချောက်ဘက်ကို မောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးကို စစ်ဆေးခဲ့ကြပါတယ်။

အဲဒီကားပေါ်မှာ နေပြည်တော်ကလာတဲ့ ကျန်းမာရေးနဲ့ ရောဂါနှိမ်နင်းရေးတပ်(ကရတ)ကသူနာပြုဗိုလ်ကြီး ညီညီမျိုးဆွေ နဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို အရပ်ဝတ်နဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း Bagan Bo Cho PDF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့က လမ်းပိုင်းစစ်ဆေးတုန်းအရပ်ဝတ်နဲ့ ကားတစီးရောက်လာပြီး ညီလေးရေ အကိုတို့က ဒီလိုဆိုပြီး ကတ်ထုတ်ပြပါတယ်။ သေနတ်တွေဘာတွေတော့ မပစ်လိုက်ရဘူး။အသာတကြည်လိုက်ပါတယ် မပြေးနဲ့ပေါ့။ ပြေးရင်တော့ပစ်မှာ။”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

သူတို့နှစ်ဦးရဲ့ စိစစ်ရေးကတ်၊ ယူနီဖောင်းတချို့နဲ့ အိမ်စီးကားကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီဗိုလ်ကြီး နှစ်ဦးကို စစ်သုံ့ပန်း ဥပ‌ဒေအရ သက်ဆိုင်ရာ ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံထံဆီ လွှဲအပ်ထားတယ်လို့ သိရပါတယ်။

(ဖမ်းဆီးရမိသော စစ်ကောင်စီဗိုလ်ကြီး၂ ဦး ဓာတ်ပုံ-Bagan Bocho)

Comments

Leave a Reply

Your email address will not be published. Required fields are marked *