တောင်ဒဂုံတရားရုံးတွင် တပ်စွဲထားသော စစ်တပ် ၇၉ မမ လောင်ချာဖြင့် တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးမှာ လုံခြုံရေးယူ တပ်စွဲထားတဲ့ စစ်တပ်ကို ၇၉ မမ လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရတယ်လို့ Yangon Army – YA တပ်ဖွဲ့တာဝန်ရှိသူဆီကနေ သိရပါတယ်။

Yangon Army မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက “ပစ်မှတ်ကို တည့်တည့်ကျတယ်။ ထိရောက်မှုရှိခဲ့ပါတယ်။ နောက်ဆက်တွဲ ထိခိုက်သေဆုံး၊ ပျက်စီးမှုကတော့ စုံစမ်းနေတုန်းပါ၊ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” လို့ ပြောပါတယ်။

Yangon Army (YA) နဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့ ပူပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

၇၉ မမ လောင်ချာနဲ့ ပစ်ခတ်ခံရပြီးနောက် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးအနီးတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး ပိတ်ဆို့ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *