မကွေးတိုင်းဝင်ပေါက် ရခိုင်ရိုးမ အမ်း-ပဒါန်းလမ်းပေါ်က စစ်အုပ်စုနတ်ရေကန်ဗျူဟာကုန်းစခန်းကို သိမ်းပိုက်နိုင်ဖို့ အာရက္ခ တပ်တော်(AA)နဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရိုးမပေါ်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့တစ်ခုရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
နတ်ရေကန်ဗျူဟာကုန်းစခန်းနဲ့ တစ်မိုင်ကျော်အကွာရှိ စစ်အုပ်စု MPT တာဝါတိုင် ကာကင်းစခန်းတစ်ခုကို အာရ က္ခ တပ်တော်(AA)နဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေက ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်က တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့ ပြီးနောက် နတ်ရေကန်စခန်းကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
“နတ်ရေကန်ကို ဆက်လက်တိုက်ခိုက်နေတာပါ။ MPT ကုန်းရပြီးကတည်းက တိုက်နေတာပါပဲ”လို့ စစ်ရေးသတင်း ရင်းမြစ်တစ်ဦးက ပြောပါတယ်။
ရခိုင်ရိုးမရှိ အမ်း-ပဒါန်းလမ်းကြောပေါ်က အမြင့်ပေ မီတာ ၁၅၀၀ လောက်ရှိတဲ့ နတ်ရေကန်လေကြောင်းရန်ကာ ကွယ်ရေး အထိုင်စခန်းဟာ စစ်ရေးအရဗျူဟာကျတဲ့ စခန်းဖြစ်ပြီး အာရက္ခတပ်တော်အနေနဲ့ မြေပြန့်မကွေးဒေသ ဆီ ဝင်ရောက်နိုင်ဖို့ စစ်အုပ်စုရဲ့ နောက်ဆုံးခံတပ်စည်းတစ်ခုလည်း ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက နတ်ရေကန်စခန်းမကျအောင် လေကြောင်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပစ်ကူပေးနေပြီး မကွေးလေတပ်ကပျံတက်လာတဲ့ ဂျက်ဖိုက်တာ၊ ပဒါန်းမြို့အမြောက်တပ်နဲ့ ဂုတ်ကြီးအမြောက်စခန်းတွေကနေ ပစ် ကူပေးနေတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“လက်နက်ကြီးပစ်ကူကတော့ လေကြောင်းပဲသုံးတာများပါတယ်။ ကျန်တာကတော့ ရှောင်ကွင်းလမ်းဘက်က ထု ပေးတာပေါ့နော်။ ဂုတ်ကြီးဝန်းကျင်လောက်ကရော သူတို့တောင်ကြောရှိတဲ့ဘက်က။ ပစ်ကူကတော့ ပေးတော့ ပေးတာပေါ့။ လက်နက်ကြီးက လေကြောင်းပဲ အဓိကကျမှာပေါ့” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့ အပြင် စစ်အုပ်စုဟာ မကွေးတိုင်းအောက်ဘက် ပဒါန်းဘက်ကနေလည်း စစ်ကူအင်အား ၂၀၀ လောက် အင်အား ဖြည့်တင်းပို့ဆောင်လာပေမဲ့ အဲဒီစစ်ကူအင်အားကိုတော့ တော်လှန်ရေးအင်အားစုတွေက ဖြတ်တောက်တိုက်ခိုက် ထားနိုင်တယ်လို့ ဆိုပါတယ်။
နတ်ရေကန်စခန်းဟာ မကွေးတိုင်းဝင်ပေါက်ရဲ့ အဓိကကျတဲ့ အရေးကြီးစခန်းတစ်ခုဖြစ်ပြီး ရခိုင်ရိုးမပေါ်က နတ် ရေကန်စခန်းရရှိတာနဲ့ မကွေးတိုင်းထဲကို တော်လှန်ရေးအင်အားစုတွေ ထိုးဖောက် ဝင်ရောက်လာနိုင်မှာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ နတ်ရေကန်စခန်းဟာ စစ်အုပ်စုအင်အား ၄၀၀ လောက်နဲ့အထိုင်ချထားတဲ့ စခန်းဖြစ်ပြီး အာရက္ခတပ်တော် (AA)နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဖေဖော်ဝါရီ လ ၁၈ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါ တယ်။
အာရက္ခတပ်တော်က အပစ်ရပ်ကျေညာထားတဲ့ ဧပြီလထဲမှာလည်း စစ်အုပ်စုဟာနတ်ရေကန်စခန်းကိုအင်အား ဖြည့်တင်းတာတွေ ပြုလုပ်ခဲ့ပြီး နတ်ရေကန်စခန်းအနီးကဆုံကုန်းရွာမှာအမြောက်တပ်(အမတ-၄၀၉)နဲ့ အမြောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(မစခ-၉၀၅) တွေမှာ စုဖွဲ့မှုလုပ်ပြီး အင်အားဖြည့်တင်းထားခဲ့တာပဲဖြစ်ပါတယ်။
အာရက္ခတပ်တော်က မေလထဲမှာ အပစ်ရပ်သက်တမ်းထပ်မံတိုးမြှင့်ခဲ့ပြီးနောက်မေလဒုတိယပတ်လောက်ထိတိုက် ပွဲတွေငြိမ်သက်နေခဲ့ပေမဲ့ စစ်အုပ်စုက နတ်ရေကန်စခန်းအနီး ပဇီရွာကို ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁)၊ (က ပ စ-၁၀)၊ (ကပစ-၁၃) တွေကနေ အင်အားအသစ်ထပ်ဖြည့်တင်းပြီးနောက် မေလကုန်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာပဲဖြစ်ပါတယ်။
မကွေးတိုင်းဘက်ခြမ်း ရခိုင်းရိုးမပေါ်က နတ်ရေကန်ဗျူဟာကုန်းစခန်းဟာ တော်လှန်ရေးအင်အားစုတွေအတွက် မြေပြန့်ဒေသဝင်ပေါက်တစ်ခုဖြစ်ပြီး ပဒါန်းမြို့နဲ့ မိုင် ၂၀ ကျော်အကွာမှာတည်ရှိတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း အာရက္ခတပ်တော်က အမ်းမြို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မဟာမိတ် အင်အားစုတွေနဲ့အတူ ရခိုင်ရိုးမ အမ်း-ပဒါန်းလမ်းက စစ်အုပ်စု စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက် နေခဲ့တာပဲဖြစ်ပါတယ်။
နတ်ရေကန်ဗျူဟာကို ကာကွယ်ရန်နှင့် တာဝါတိုင်ကုန်းကိုပြန်ယူရန် ဒရုန်းတပ်ဖွဲ့သီးသန့်ပါစစ်ကြောင်း စုဖွဲ့ပြင်ဆင်ထား
စစ်ကြောင်းတက်ထိုးသည့် အင်အား ၂၀၀ ပါစစ်ကြောင်း နောက်ပြန်ဆုတ်ရ
စစ်ကောင်စီက ပဒါန်းတပ်နယ်ရှိ နတ်ရေကန်ဗျူဟာကို ကာကွယ်ရန်နှင့် ဆုံးရှုံးလိုက်ရသည့် MPT တာဝါတိုင်ကုန်းကို ပြန်ရရန် စစ်အင်အားစုဖွဲ့မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့ ဇွန် ၉ ရက် နံနက်ပိုင်းတွင် ဂုတ်ဝကျေးရွာဘက်သို့ အင်အား ၂၀ ခန့်ရှိ စစ်ကြောင်းတစ်ခုတက်လာပြီး စပ်စီ၊ ညောင်ပင်ကုန်း၊ ဝက်စာကျင်းရွာများဘက်သို့ စစ်ကြောင်းထိုးရန် အင်အားစုဖွဲ့ပြင်ဆင်နေကြောင်း သိရသည်။
“တာဝါတိုင်ကုန်းအသိမ်းခံရပြီးကတည်းက နေ့စဉ်နတ်ရေကန်ဘက်ကို အင်အားတိုးချဲ့ပို့ဆောင်မှုတွေ လုပ်လာတယ်။ ပဒါန်းဘကါက အင်အားအပြည့်နဲ့ စစ်ယာဉ်တန်းသုံးစီး မစခ ၉၀၅ ထဲပို့ထားတာလည်းရှိတယ်။ အဲဒီအဖွဲ့ နတ်ရေကန်ဘက်ကို ၆ ရက်နေ့ကတည်းက တက်သွားတယ်”ဟု တပ်သတင်းရင်းမြစ်က ပြောသည်။
အင်အားစုဖွဲ့ပြင်ဆင်မှုများထဲတွင် Drone Team သီး သန့်တပ်ဖွဲ့ပါရှိပြီး တာဝါတိုင်ကုန်းဘက်သို့ စစ် ကြောင်းထိုးဝင်ရောက်နေကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်း ဇွန် ၈ ရက်နေ့က စစ်ကောင်စီ အင်အား ၂၀၀ ပါ စစ်ကြောင်းတစ်ခု MPT တာဝါတိုင်ကုန်းအနီးသို့ စစ်ကြောင်းထိုးလာပြီး လက်နက်ကြီးပစ်ကူနှင့် ဒရုန်းပစ်ကူများပါ အသုံးပြုခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
အဆိုပါ စစ်ကြောင်းနှင့် AA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကြောင်းတစ်ခုလုံး နောက်ဆုတ် ထွက်ပြေးရကြောင်း သိရသည်။
နတ်ရေကန်အနီး ကာကင်းစခန်းများနှင့် MPT တာဝါတိုင်ကုန်းစခန်းကုန်းကို AA က ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက နတ်ရေကန်ဗျူဟာတွင် ရိက္ခာစုပုံပြီး ပြန်ဖြန့်သည့်ပုံစံလုပ်ထားကာ ဗျူဟာကုန်းကိုကာကွယ်ရန် ဂုတ်ဝ၊ ပဇီစသည့်ကျေးရွာများဘက်မှ အင်အားစုဖွဲ့ပို့ဆောင်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

Leave a Reply