သက်ရှိစည်းရိုးလို့ စစ်ကောင်စီ ဝါဒဖြန့် ကြွေးကြော်ခဲ့တဲ့ ဥကရစ်ထစစ်စခန်းကို တော်လှန်ရေးတပ်များ ထိုးစစ်ဆင်တိုက်ခိုက်နေ
မြန်မာ-ထိုင်းနယ်စပ်အနီးရှိ စစ်ကောင်စီ၏ အဓိကခြေကုပ်စခန်းဖြစ်သည့် ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၁၁ ရက်တွင် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များမှ သိရပါတယ်။
ဥကရစ်ထစခန်းသည် ၂၀၂၂ ခုနှစ် ဇွန်လတွင် တော်လှန်ရေးတပ်များ၏ ပထမအကြိမ် ထိုးစစ်ကို ခံခဲ့ရပြီး၊ တစ်စိတ်တစ်ပိုင်း သိမ်းယူနိုင်ခဲ့သော်လည်း အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီက ၎င်းစခန်းကို “သက်ရှိစည်းရိုး” ဟု ဝါဒဖြန့်ကာ အောင်မြင်စွာ ခုခံနိုင်ခဲ့သည်ဟု ကြွေးကြော်ခဲ့ပါတယ်။
အခုထိုးစစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ရှိ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းပါဝင်ပြီး KNLA က ဦးဆောင်နေတယ်လို့ သိရပါတယ်။
ဥကရစ်ထရွာသည် မြဝတီမြို့၏ တောင်ဘက်နှင့် အရှေ့တောင်ဘက်ဒေသများကို ဆက်သွယ်ထားသည့် အဓိကကားလမ်းပေါ်တွင် တည်ရှိပြီး၊ စစ်ကောင်စီ၏ တပ်စခန်းမှာ ရွာမြောက်ဘက် လမ်းမကြီးဘေးတွင် တည်ရှိပါတယ်။




၂၀၂၂ ခုနှစ် စစ်ကောင်စီ စစ်ကူစစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်ပြီး ကော်ဘရာစစ်ကြောင်းမှ သိမ်းဆည်းရမိသည့် ပစ္စည်းများ (ဓာတ်ပုံ – Cobra Column)


Leave a Reply