ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အမျိုးသမီးတစ်ဦးသည် နှုတ်ခမ်းတဝိုက် Filler ထိုးခဲ့ရာ ယောင်ယမ်းနာကျင်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ၎င်း၏အတွေ့အကြုံကို လူမှုကွန်ရက်စာမျက်နှာတွင် အခြားသူများအတွက် သတိပြုစရာအဖြစ် ဖော်ပြခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။

ကစ်တီရာ မီနာရူဂျီ (Kittiya Menaruji) ဆိုသူ အမျိုးသမီးသည် ပထမအကြိမ် မေးစေ့ထဲသို့ Filler 1cc ကို ထိုးသွင်းခဲ့ရာ အနည်းငယ်ဖောင်းလာခဲ့ပြီး သာမန်ဖြစ်ရပ်ဟု ထင်ခဲ့ကြောင်း၊ ဒုတိယအကြိမ် မေးစေ့ကို 1cc ၊ နှုတ်ခမ်းနှင့် နှာခေါင်းကြား ကို 2cc ၊ နှုတ်ခမ်းကို 1 cc ထပ်မံထိုးသွင်းခဲ့ရာ ချက်ချင်းပင် ပြင်းထန်သည့် ဓာတ်မတည့်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါဓာတ်မတည့်မှုကြောင့် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်လာခဲ့ပြီး မျက်နှာဖောင်းချိန် တပတ်ကြာမြင့်ခဲ့ကာ မျက်နှာပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရန် တပတ်ခွဲကျော်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

၎င်းက “အရင်မျက်နှာ ပြန်မရနိုင်တော့ဘူးထင်တယ် “ ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

ထို့နောက် အလှအပအတွက် ဆေးကုသမှုများပြုလုပ်မည်ဆိုပါက ဓာတ်မတည့်သည့် ဆေးဝါးများရှိမရှိကို သိထားရန် အရေးကြီးကြောင်းလည်း သတိပေးခဲ့သည်။

၎င်းသည် အလှအပကုသမှုများနှင့် Filler ထိုးခြင်းများကို တိုက်ခိုက်လိုခြင်းမဟုတ်ဘဲ ၎င်း၏ အတွေ့အကြုံကို သတိပြုရန် သင်ခန်းစာတခုအနေဖြင့် မျှဝေခြင်းသာဖြစ်ကြောင်း ဆိုထားသည်။

Photo – Bangkok Post


Leave a Reply

Your email address will not be published. Required fields are marked *