ဒီသတင်းကို မနေ့ကတည်းက အူယားနေတာ gp ကနေရှဲမရလို အသာနေလိုက်တာ

အခုမနေနိုင်လို့ copy တင်လိုက်ပါတယ်

မနေ့ညနေ ၃ နာရီကျော်လောက်က ဘုန်းကြီး မောင်းလာတဲ့ ကား နဲ့ ဆိုင်ကယ် စီးလာတဲ့ သားအမိကိုဝင်တိုက်တာ

အန်တီရော ကလေးရော လွင့်စင်သွားပါတယ် ..

တိုက်ပြီးချင်း ဆိုင်ကယ်သွားထူ ပေးလိုက်ပါတယ်

ဆိုင်ကယ်ရွှေ့ပေးနေတာ ကျနော်ပါ..

တိုက်ပြီးတော့ ကားခန်းက နေ ဘုန်းကြီး ထွက်လာပါတယ်..

ဒီလောက် ဟွန်းအကျယ်ကြီးတီးနေတာ မမြင်ဘူးလားဆိုပြီး အော်တယ်..

ကိုယ်ကလည်း အစက ဘုန်းကြီးကားဆိုတော့ ဝင်မပါသေးပါဘူး..

သေချာကြည့်မှ ဘုန်းကြီးကိုယ်တိုင်မောင်း လာတာဖြစ်တယ်

ဘာဖြစ်သွားသေးလဲမေးတယ်

ဆိုင်ကယ်ဘာဖြစ်သေးလဲ ဆိုပြီး ဘုန်းကြီး ကမေးတယ်

လုပ်ပေးမယ်ဆိုပြီး ကား ကို လမ်းဘေးကပ်မလို ဘာလိုလို ဖြေးဖြေး မောင်းပြီး …

နောက်မှ အရှိန်ယူပြီး မြောက်ဘက်ကို မောင်းပြေးသွားပါတယ်..

ကျနော် နောက်ကလိုက်ပြီး ကားနံပတ်ယူဖို့ ဓာတ်ပုံ လိုက်ရိုက်ပါတယ်..

ဦးထုတ်အစိမ်းနဲ့ ဆိုင်ကယ်တွန်းနေတာ ကျနော်ပါ…

ဒီပုံကို ကျနော် တွန်းနေတုန်း လူငယ် သုံးဦးက ပုံယူမလားဆိုပြီး ပေးခဲ့တာပါ..

ကားနံပါတ် ယူပြီး တိုက်တဲ့ နေရာပြန်သွားပေမယ့် တိုက်ခံရတဲ့ အန်တီနဲ့ ကလေး မရှိတော့ပါဘူး

လက်နာလို့ ဆေးခန်းဆိုပြီး ပြန်သွားတယ်..

ဘေးနားကလူတွေကတော့ အစ်ကို့ကိုစောင့်နေသေးတယ်

မစောင့်နိုင်လို့ပြန်တာ နေမှာ ပြောပါတယ်..

တိုက်တဲ့နေရာက သိပ္ပံလမ်း မြောက်ဘက် တစ်လမ်းပဲ လမ်းနာမည် မသိလို့ပါ ၆၃ လမ်းပေါ်မှာ ဖြစ်တာပါ…

၆၃ လမ်း အပေါ်ထောင့်မှာ ကားဝပ်ရှော့တစ်ခုရှိပါတယ်..

ဘုန်းကြီးတွေ ကားမောင်းလို့မရပါဘူး.. ဥပဒေရှိတယ်

ဒီပိုစ့် အား တိုက်ခံရတဲ့ အန်တီနဲ့ ကလေး မြင်ပါစေ

Credit — OriginalUploader

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *