Facebook မှာ ဇော်ဂျီဖောင့်သုံးသူတွေ ယူနီကုတ်ဖောင့်ပြောင်းသုံးဖို့ မက်တာကြေညာ

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်(Facebook) မှာ မြန်မာဘာသာစကားနဲ့ အသုံးပြုသူတွေ ဇော်ဂျီဖောင့် ဆက်မသုံးဘဲ ယူနီကုတ်(မြန်မာ)ဖောင့်ကို ဇွန် ၂၆ ရက်မတိုင်ခင် ပြောင်းသုံးကြဖို့ Facebook လူမှုကွန်ရက်ကို တည်ထောင်ထားတဲ့ မက်တာ(Meta) ကုမ္ပဏီကနေ အသိပေးထုတ်ပြန်ထားပါတယ်။

Facebook ရဲ့ ဘာသာစကား ဆက်တင်မှာ ယူနီကုတ်(မြန်မာ)ဖောင့်ကို ပြောင်းလဲမသုံးရင် Facebook စာမျက်နှာပေါ်မှာ တင်ထားတဲ့ စာသားတွေကို ဖတ်မရတာ၊ သုံးစွဲသူအကောင့်မှာ ရေးတင်ထားတဲ့ စာလုံးတွေလည်း အမှန်မတိုင်းမပေါ်တာတွေဖြစ်မယ်လို့ မက်တာက ရှင်းပြပါတယ်။

ဒါ့အပြင် မြန်မာဘာသာနဲ့ရေးထားတဲ့ Facebook အကောင့်နဲ့ စာမျက်နှာ(Page)တွေရဲ့ နာမည်တွေလည်း မှန်မှန်ကန်ကန်မမြင်ရတာမျိုး ကြုံရနိုင်တယ်လို့ မက်တာက အသိပေးထားပါတယ်။

ဆက်တင်မှာ ဘာသာစကားပြောင်းလဲအသုံးပြုပုံအဆင့်ဆင့်ကိုတော့ အပြာအမှန်ခြစ်ပါတဲ့ မက်တာမြန်မာ (Meta Myanmar) လူမှုကွန်ရက်အကောင့်မှာ ဖော်ပြထားပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *