အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်း ဆာဘွဲ့ချီးမြှင့်ခံရပြီး ‘ဆာ ဒေးဗစ်ဘက်ခမ်း’ ဖြစ်လာပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္ထဝင်နည်းပြ ဆာအဲလက်ဖာဂူဆန်ရဲ့ နာမည်ကျော် ၁၉၉၂ အကယ်ဒမီမျိုးဆက်ကထွက်လာတဲ့ ဘောလုံးသမားတစ်ဦး ဆာဘွဲ့ ရတဲ့အထိ ပေါက်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်းရဲ့ ခမ်းနားတဲ့ ဘောလုံးကမ္ဘာအတွက်သာမက သူ့ရဲ့ လူထုအကျိုးပြုစွမ်းဆောင်မှုတွေကြောင့်ပါ ဆာ ဘွဲ့ နဲ့ သူကောင်းပြုခံရတာဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်းဟာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ သံတမန်ဖြစ်ပါတယ်။

ကစားသမားဘ၀မှာ မန်ယူ၊ ရီးရဲမက်ဒရစ်၊ LA ဂလက်ဆီ၊ ပါရီစိန့်ဂျာမိန်း PSG၊ အေစီမီလန် စတဲ့ ကလပ်တွေမှာ အောင်မြင်တဲ့ ကစားသမားဘဝကို ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကမ္ဘာကျော်ကစားသမား မက်ဆီ ကစားနေတဲ့ အင်တာမီယာမီ ကလပ်ကို ပိုင်ဆိုင်ထားပါတယ်။

ကွင်းတွင်းကွင်းပြင် လူနေမှုဘဝမှာ အောင်မြင်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ဇနီးဖြစ်သူ Spice Girls အဖွဲ့ဝင်ဟောင်း နဲ့ ထင်ရှားတဲ့ ဒီဇိုင်နာ ဗစ်တိုးရီးယားနဲ့ အောင်မြင်တဲ့ မိသားစုဘဝကိုလည်း ပိုင်ဆိုင်ထားပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *