ဗြိတိန်အစိုးရဟာ Blaise Metreweli ကို MI6 လို့လူသိများတဲ့ ပြည်ပထောက်လှမ်းရေးအဖွဲ့ရဲ့ ပ ထမဆုံးသော အမျိုးသမီး အကြီးအကဲအဖြစ် ခန့်အပ်လိုက်ပါတယ်။

Metreweli ဟာ ၁၉၀၉ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ MI6 လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ရဲ့ ၁၈ ဉီး မြောက် အကြီးအကဲ ဖြစ်လာမယ်လို့ ဗြိတိန်အစိုးရက တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

Metreweli ဟာ ဆောင်းဉီးရာသီမှာ MI6 လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ရဲ့ အကြီးအကဲအဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။

အသက် ၄၇ နှစ်အရွယ်ရှိ Metreweli ဟာ ၁၉၉၉ ခုနှစ်မှာ MI6 အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး အချိန်အ များစုကို အရှေ့အလယ်ပိုင်းနဲ့ ဉရောပတိုက်ရှိ စစ်ဆင်ရေးအခန်းကဏ္ဍတွေမှာ တာဝန်ယူခဲ့ပါတယ်။

MI6 အဖွဲ့ကို ဉီးဆောင်ရမှာဖြစ်လို့ ဂုဏ်ယူကြောင်း Metreweli က ပြောပါတယ်။ ထောက်လှမ်း ရေးအဖွဲ့တွေရဲ့အလုပ်တွေ အရေးပါလာခဲ့ချိန်မှာ သမိုင်းဝင် ရာထူးခန့်အပ်မှု ပြုလုပ်ခဲ့တာလို့ ဗြိတိန်ဝန် ကြီးချုပ် ကီယာစတန်မာက ပြောပါတယ်။

Metreweli က တိုင်းပြည်ကို ကာကွယ်ဖို့နဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံဖို့ လိုအပ်တဲ့ အကောင်း မွန်ဆုံး ခေါင်းဆောင်မှု ပေးနိုင်လိမ့်မယ်ဆိုတာ သူသိတယ်လို့ စတန်မာက ဆိုပါတယ်။

လွန်ခဲ့သော ဆယ်စုနှစ်သုံးခုက ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားမှာ သရုပ်ဆောင်မင်းသမီးတစ်ဉီးက MI6 အဖွဲ့ရဲ့ အကြီးအကဲအဖြစ် ပါဝင်ခဲ့ပြီးနောက် Metreweli ကို ယခုရာထူးမှာ ခန့်အပ်လိုက်တာပါ။

ကိုးကား – NHK

Ref; Britain appoints first female chief of MI6 spy agency

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *