လေးမျက်နှာရှိ သဲနုကုန်းရဲစခန်းကို AA နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ သဲနုကုန်းကျေးရွာ နယ်မြေရဲစခန်းကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း သိရသည်။

လေးမျက်နှာ မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များ အခြေစိုက်ထားသည့် သဲနုကုန်းကျေးရွာ နယ်မြေရဲစခန်းကို ယမန်နေ့ ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့က သိမ်းပိုက်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

“ရဲစခန်းသိမ်းခံရတာဟုတ်တယ်။ မနေ့ကသိမ်းတာပါ။ အတည်ပြုလို့ရပါတယ်”ဟု ‌သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ နယ်မြေရဲစခန်းတွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များ တပ်စွဲနေရာယူထားပြီး စစ်ကောင်စီဘက်က Y 12 လေယာဉ်များအသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

သဲနုကုန်းရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာ ထွက်ပြေးသွားပြီး ရေဖြူကျေးရွာတွင် ပြန်လည်အင်အားစုဆောင်းနေကြောင်း သိရသည်။

ထို့အတူ ရေကြည်မြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက်ရှိနေပြီး အမတ ၃၄၄ အနီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲသည့်အပြင် စက်တပ်လေထီးများပါ အသုံးပြုနေကြောင်း သိရသည်။

ရေနံ့သာဂိတ်နှင့် ကျုံပျော်ခလရ ၃၆ တွင်လည်း ခံစစ် စခန်းများ ထပ်မံတိုးချဲ့ပြီး လုံခြုံရေးအပြည့်ယူထားကြောင်း သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *