ရွှေပြည်သာမြို့မရဲစခန်း လုံခြုံရေးဂိတ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

ရွှေပြည်သာမြို့မရဲစခန်း လုံခြုံရေးဂိတ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ၊ အထိအခိုက်ရှိနိုင်ဟုဆို

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် မြို့မရဲစခန်း၏လုံခြုံရေးဂိတ်ကို ဇွန်လ ၁၈ ရက် ညပိုင်းက လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း THEBLOODLINE အဖွဲ့တာဝန်ခံက ပြောသည်။

ယနေ့ ည ၈ နာရီ ၃ မိနစ်တွင် စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်သုံးဦးရှိနေသည့် ရွှေပြည်သာ ရဲစခန်းလုံခြုံရေးဂိတ်ကို လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“အမေစုနဲ့ ထောင်ထဲကရဲဘော်တွေအတွက်၊ ပြီးတော့ အာဏာရှင်ရဲ့ဖိနှိပ်မှုမှန်သမျှ ခေါင်းငုံ့ခံနေရတဲ့ ပြည် သူတွေအတွက် တရားမျှတမှုရဖို့ရည်ရွယ်ပြီးတိုက်ခိုက်တာပါ”ဟု THEBLOODLINE အဖွဲ့တာဝန်ခံကိုမာန် က ပြောသည်။

တိုက်ခိုက်မှုတွင် လုံခြုံရေးဂိတ်ရှိ ရဲတပ်ဖွဲ့ဝင်များအထိအခိုက်ရှိကြောင်း ကြားသိထားသော်လည်း အသေး စိတ်မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

“ရဲခွေး အထိအခိုက်ရှိတယ်လို့ ကြားပေမယ့် အတိအကျ မသိရသေးဘူး၊ စုံစမ်းနေတုန်းပါပဲ။ တပ်ဖွဲ့က ရဲဘော်တွေတော့ လုံခြုံတဲ့နေရာရောက်နေပါပြီ” ဟု တပ်ဖွဲ့တာဝန်ခံက ဆိုသည်။

ရဲစခန်းလုံခြုံရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ဝင်များက လမ်းမများအား ပိတ် ဆို့ကာ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်သူများအနေ ဖြင့် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ထောက်တိုင်များ၏ဝေးရာတွင် နေထိုင်သွားလာပေးကြပါရန် THEBLOODLINE အဖွဲ့က မေတ္တာရပ်ခံထားသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *