မန္တလေးမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့အဖြစ် ❝ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ ❞ ကြွေးကြော်သံဖြင့် လှုပ်ရှား (ရုပ်/သံ)

မန္တလေးမြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့အဖြစ် ❝ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ ❞ ကြွေးကြော်သံဖြင့် လှုပ်ရှားကြသည်။

မန္တလေးမြို့လယ်တနေရာတွင် အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးမှု ခံထားရသောလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုလျက် ပြည်သူများနှင့်အတူ ❝ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ ❞ ကြွေးကြော်သံဖြင့် လှုပ်ရှားကြကြောင်း သိရှိရသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ချက်အတွက်၊ စစ်အာဏာရှင်လက်မှ တိုင်းပြည်လွတ် မြောက်ရေးအတွက် ယခုအသက်အရွယ်ထိ ဆက်လက် ကြိုးပမ်းထမ်းရွက်နေဆဲဖြစ်ကြောင်း၊ အကျဉ်း ထောင်များအတွင်းမှ ခေါင်းဆောင်များ ရဲဘော်များ မဆုတ်မနစ်တိုက်ပွဲဝင်နေကြချိန် အကျယ်ထောင်မှ ပြည်သူလူထုအနေဖြင့်လည်း တော်လှန်ရေးမှတပါး အခြားမရှိကြောင်း လှုပ်ရှားပြောဆိုသည်။

“တော်လှန်ရေးလို့ ဆိုရာမှာ မျှော်မှန်းချက်ပန်းတိုင်ကို လက်နက်ကိုင်စွဲ စစ်ရေးတိုက်ပွဲနည်းနာ တခုတည်းသက် သက်နဲ့ အလွယ်တကူ မရောက်နိုင်ဘူးဆိုတာကို ကျနော်တို့အားလုံး နားလည်ထားကြပါတယ်။ သံတမန်ရေးတိုက်ပွဲ၊ ဘဏ္ဍာရေးတိုက်ပွဲ၊ စိတ်ဓာတ်ရေးရာတိုက်ပွဲ၊ ဘူးသပိတ်တိုက်ပွဲတို့အပါအဝင် လူထုလူတန်းစား အလွှာအားလုံးက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုလှုပ်ရှားမှုတွေကလည်း အရေးကြီးပါတယ်။ တစ်နိုင်ငံလုံး လွတ်မြောက်ဖို့ ကျနော်တို့ ပြည်သူအားလုံးမှာ တာဝန်ရှိကြပါတယ်။ ပြည်သူအားလုံး ကျရာကဏ္ဍ၊ နိုင်ရာ တာဝန် တိုက်ပွဲမျက်နှာစာအသီးသီးကနေ တော်လှန်ရေးမှာ အစွမ်းကုန် ဆက်လက် ပါဝင်ကြဖို့ နှိုးဆော်လိုက်ပါတယ်” ဟု ယနေ့လှုပ်ရှားမှုတွင် ပါဝင်သည့် သပိတ်အဖွဲ့က ပြောဆိုသထားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *