ဖားကန့်မှာ ေ-သနတ်ဒဏ်ရာနဲ့ tay ဆုံးသူကို သဂြိုလ်ရန် ပြင်ဆင်နေချိန် ထထိုင်ပီး အသက်ပြန်ရှင်လာလို့ ထွက်ပြေးကြရ…

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ ေ-သနတ်ဒဏ်ရာနဲ့ လဲကျ tay ဆုံးနေသူကို သဂြိုလ်ရန် ပြင်ဆင်နေစဥ် အသက်ပြန်ရှင်လာလို့ ကူညီနေတဲ့သူတွေ ထပြေးခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

Tay ဆုံးခဲ့သူအမျိုးသားမှာ လုံးခင်းကျေးရွာ ကောင်းထမင်းဆိုင် လမ်းကြားတွင် ဇွန် ၁၄ ရက် မနက်ပိုင်းက ေ-သနတ်ဒဏ်ရာနဲ့ လဲကျ tay ဆုံးနေတဲ့အတွက် ကျေးရွာနာရေးကူညီရေးအဖွဲ့က ဇရပ်တွင် ထားရှိကာ သဂြိုလ်ပေးရန် စီစဥ်ခဲ့ကြပါတယ်။

“ညနေပိုင်းမှာ အလောင်းက ထထိုင်လာလို ထွက်ပြေးကြတယ်ကြားတယ်။ မနေ့ညက ပ-စ် tet ခဲ့လို မ tay ဘဲ ကျန်တဲ့သူဖြစ်ပါတယ်။ ေ-သနတ်ဒဏ်ရာ ရထားပါတယ်။

ကံကောင်းတာက သွေးထွက်မလွန်တာပါ။ Tay ပြီဆိုပြီး အလော-င်းသင်္ဂြိုလ်မည့်အချိန်ကျမှ မ tay သေးဘဲ ထထိုင်လာတာကြောင့် သိရတာပါ။

သူထ ထိုင်လာလို့ သင်္ဂြိုလ်မည့်သူတွေတောင် ထွက်ပြေးကြရတယ်လိုဆိုပါတယ်။ ခေါင်းကိုထိထားတယ်လို့ သိရှိပါတယ်။ အဲ့ဒီလူဆီကနေ ဘယ်လိုဘယ်ပုံ အပ-စ်ခံရတယ်ဆိုတာ သိရတော့မှာပါ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အသက်ပြန်ရှင်လာသူမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရသေးတဲ့အပြင် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းက ပ-စ်ခတ်သွားသည်ကိုလည်း ဒေသခံများ သိရှိရခြင်းမရှိဘူးလို့ သိရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *