“မြောင်းမြမှာ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူများ ဝေဖန်”

ဧရာဝတီတိုင်း မြောင်းမြမြို့ အထက်တန်းကျောင်းတကျောင်းမှ ကျောင်းသူတဦးအား အခြားကျောင်းသူများကအုပ်စုဖွဲ့ အနိုင်ကျင့်နေသည့် ရုပ်သံဖိုင်တခု ယခုပညာသင်နှစ်အစတွင် လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့လာခဲ့ရာ ပြည်သူများ ကြား ဝေဖန်စရာဖြစ်လာသည်။

ထိုရုပ်သံဖိုင်မှာ မြောင်းမြ အ.ထ.က (၆) မှ ကျောင်းသူ ၁ ဦးအား ၅ ဦးခန့်ပါသော ကျောင်းသူတစုက ဆံပင်ဆွဲ ပါးရိုက် ၍ ဒူးထောက်တောင်းပန် ထိုင်ကန်တော့ ခိုင်းနေခြင်းဖြစ်သည်။

စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရာ ၂၀၂၄ ခု နိုဝင်ဘာလက ဖြစ်စဉ်ဟုဆိုထားပြီး ၆ တန်းကျောင်း သူ တဦးကို ၇တန်းနှင့် ၉တန်းကျောင်းသူတို့က ရိုက်နှက်ခဲ့ခြင်းဖြစ်ကာ ကျောင်းစည်းကမ်းထိန်းအဖွဲ့က ရိုက်နှက်သူ တို့ကိုသာမက ဗီဒီယိုရိုက်ပေးသူကိုလည်း နောင်မဖြစ်စေရန် ခံဝန်လက်မှတ်ထိုးစေ၍ အုပ်ထိန်းသူ တို့ထံ အပ်နှံပေးခဲ့ ကြောင်း၊ ယခုမှ ထိုဗီဒီယိုဖိုင်အား လူမှုကွန်ရက်၌ ထပ်မံတင်ပြလာခြင်းဖြစ်ကြောင်း ဖြေရှင်းထားသည်။

နစ်နာသူကျောင်းသူ၏ မိသားစုဝင်များဘက်က ကျောင်းသူ၏ စိတ်ဒဏ်ရာနှင့် ကျောင်းမတက်ရဲသည့် အခြေအနေအပေါ် တရားမျှတမှုအနေဖြင့် ကျူးလွန်သူများ ပြန်လည်တောင်းပန်စဉ် ရုပ်သံမှတ်တမ်းယူထားခြင်းနှင့် ကျူးလွန်သူများအားလုံး ကျောင်းပြောင်းရန် အဓိကကျသည့် တောင်းဆိုချက် ၂ ချက်ကို ပြုလုပ်ပေးမှသာ ကျေးအေး မယ်လို့ သိရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *