ပုဇွန်တောင်မြို့နယ်၊ မြသိန်းတန် ဘုန်းကြီးကျောင်းကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး လူငယ် ၆ ဦးကို ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ မြသိန်းတန် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး လူငယ် ၆ ဦး ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ဇူလိုင်လ ၃၁ ရက်နေ့ ည ၁၀ နာရီ ၂၂ မိနစ်ခန့်တွင် မြသိန်းတန် ဘုန်းကြီးကျောင်းဝင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက် စီးနင်းပြီးနောက် ဘုန်းကြီးကျောင်းတွင် တည်းခိုနေသည့် အသက် ၂၄ နှစ်မှ ၃၀ နှစ်အရွယ် လူငယ် ၆ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပုဇွန်တောင်မြို့နယ် မြသိန်းတန် ဘုန်းကြီးကျောင်းဝင်းကို ဝင်ရောက် စီးနင်းပြီး ပေါ်တာဆွဲ ဖမ်းဆီးတာပါ ဘုန်းကြီးကျောင်းထဲကို ဝင်ဖမ်းတာပါ။ မနေ့က ည ၁၀ နာရီ ၂၂ မိနစ်မှာ ၆ ယောက်ပါသွားပါတယ်။ ကျောင်းမှာလာတည်းတဲ့ သူတွေထဲက ၅ ဦးနဲ့ ကျောင်းတိုက်က ၁ ဦး ပေါင်း ၆ ဦးပါသွားတယ်။ အသက်တွေက ၂၄ ကနေ ၃၀ အတွင်း အဖမ်းခံရတာပါ” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *