အွန်လိုင်းမှ ဝယ်ယူထားသော လက်မှတ်တစောင်က ကြာသပတေးနေ့က နောက်ဆုံး Toto ထီမဲဖွင့်ရာတွင် ဆုကြေးငွေ ဒေါ်လာ ၁၂ ဒသမ ၈ သန်းကျော် ဆုမဲပေါက်သွားသည်။

ထို ကံထူးသော ထီကို QuickPick Ordinary Entry လုပ်ငန်းလက်အောက် Singapore Pole အွန်လိုင်း ထီဝန်ဆောင်မှုမှတဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်ကာ ထို ထီလက်မှတ် တစောင်တည်းက ပေါက်ဂဏန်း အားလုံးတူကာ ယခုကဲ့သို့ ဒေါ်လာ ၁၂ သန်းကျော် ဆုမဲပေါက်ခြင်း ဖြစ်သည်။

ပေါက်မဲ ဂဏန်းများမှာ ၇၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၉ ဖြစ်ပြီး အရန် ဂဏန်းက ၃၇ ဖြစ်သည်။

Toto ထီက ယခင် ပေါက်မဲသုံးကြိမ် ဖွင့်ရာတွင် Group 1 မဲပေါက်သူ မပေါ်ထွက်ခဲ့ပေ။ ထိုကြောင့် jackpot ထီဆုကြေးသည် ဇူလိုင် ၂၁ ရက်၌ ဒေါ်လာ ၁ ဒသမ ၂ သန်းခန့်မှ ဇူလိုင် ၂၄ ရက်တွင် ၂ ဒသမ ၉ သန်း၊ ဇူလိုင် ၂၈ ရက်ဆွဲမှုတွင် ၅ ဒသမ ၈ သန်းအထိ အဆတိုးလာသည်။

သုံးကြိမ်ဆက်တိုက် Group 1 တွင် မဲပေါက်သူ မရှိ၍ နောက်ဆုံးအသုတ် cascade မဲ ဖွင့်ရန် ဖြစ်လာခဲ့သည်။ Toto စည်းမျဉ်းများအရ ထီဆုကြေး ပမာဏကို လေးကြိမ်မြောက်အထိ တိုးမြှင့်ကာ မဲဖောက်ပေးနိုင်သည်။

Group 2 တွင် မဲပေါက်သူက ၂၀ ဦးရှိပြီး ၎င်းတို့က ဆုကြေးငွေ ဒေါ်လာ ၇၃,၄၀၈ ကို ခွဲဝေယူခဲ့ရသည်။

၂၀၁၄ အောက်တိုဘာ ၉ ရက်မှစတင်ကာ ထီပေါက်ဂဏန်းဖွင့်သမျှကို မှတ်တမ်းတင်သည့် Singapore Pole ၏ အချက်အလက်များအရ ကြာသပတေးက Group 1 ၏ ထီဆုကြေးသည် ဒေါ်လာ ၁၃ သန်းကျော်သော အခြား ဆုနှစ်ခုနောက်တွင် တမဲတည်းဖြင့် တတိယမြောက် အများဆုံး ဆုကြေးအထိ ပမာဏ များပြားလာသည်ဟု သိရသည်။

ကြာသပတေးနေ့ ပေါက်ဂဏန်း ဖွင့်ခြင်းသည် ၂၀၂၅ ခုနှစ်အတွက် ရှစ်ကြိမ်မြောက် ဆုကြေးဒေါ်လာ ၁၀ သန်းကျော်သည့် jackpot ထီဖွင့်လှစ်ခြင်း ဖြစ်သည်။ နောက်ဆုံး အကြိမ်ကို ဇူလိုင် ၁၇ ရက်က ဖွင့်လှစ်ထားပြီး ဆုကြေးဒေါ်လာ ၁၂ ဒသမ ၈ သန်းကို ထီပေါက်သည့် Group 2 လက်မှတ် ၁၂ စောင် ခွဲဝေခဲ့ရသည်။

နောက်ထပ် Toto ထီဖွင့်ခြင်းကို ဩဂုတ် ၄ ရက်တွင် ဆုကြေး ဒေါ်လာ ၁,၀၀၀,၀၀၀ နီးပါးဖြင့် စတင်မည် ဖြစ်သည်။

Asia One မှ $12.8m Toto jackpot won by single ticket bought online ကို မိုးသဲ ဘာသာပြန်သည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *