ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)ဌာနချုပ် လိုင်ဇာအနီးဝန်းကျင်တွင် မကြုံစဖူးရေကြီးနေကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ဩဂုတ် ၃ ရက်ညသန်းခေါင်ကစ၍ ရေတက်လာခြင်းဖြစ်ကြောင်းပြော သည်။

“မနက်အစောပိုင်း ရေကြီးနေတယ်။ လိုင်ဇာ တရုတ်နယ်စပ်တကြောမှာ။ အခု Video က မနက် ခြောက်နာရီကျော် အခြေအနေ။ ဒီလောက်ရေကြီးတာ တခါမှမမြင်ဖူးဘူး။ အရင် ရေကြီးတာ ရှိတယ်။ ခုလောက်မကြီးဘူး။ထိခိုက်ပျက်စီးများနိုင်တယ်”ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။

ယခု ရေကြီးမှုအတွင်း မော်တော်ကားအချို့ ရေထဲမျောပါသွားဟုလည်း သတင်းရင်းမြစ်က ပြောသည်။

လိုင်ဇာဒေသရေဘေးကြောင့် လူထိခိုက်သေဆုံးနှင့်နေအိမ်ပျက်စီးမှုရှိမရှိအခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဇူလိုင်အတွင်းကလည်း ၀လက်နက်ကိုင်တပ် UWSA ထိန်းချုပ်နယ်မြေ မိုင်းမောက်ဒေသတွင် ရေကြီးမှုကြောင့် လူသေဆုံးထိခိုက်မှုရှိခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင် တပ်မဟာ (၃)နယ်မြေတွင်လည်းရေကြီးမှုဆိုးဝါးစွာဖြစ်နေ၍ နေအိမ် များမျောပါပြီးကျေးရွာများနှင့်လယ်ဧကများစွာ နစ်မြုပ်လက်ရှိဟု KNUက အသိပေးထားသည်။

ရုပ်သံ – ပေးပို့

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *