NLD အစိုးရကို ဦးတည်တိုက်ခိုက်ခဲ့ကြသော အစွန်းရောက် အမျိုးသားရေးသမားများကို ကြံ့ဖွတ်ခင်ရီက တွေ့ဆုံပြီး ရွေးကောက်ပွဲ အောင် မြင်ရေး ၀ိုင်းဝန်းဆောင်ရွက်ပေးရန် တောင်းဆို
NLD အစိုးရကို ဦးတည်တိုက်ခိုက်ခဲ့ကြသော အစွန်းရောက် အမျိုးသားရေးသမားများကို ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက တွေ့ဆုံပြီး ရွေးကောက်ပွဲ အောင် မြင်ရေး ၀ိုင်းဝန်းဆောင်ရွက်ပေးရန် တောင်းဆိုသည်။
ဩဂုတ်လ ၁ ရက်နေ့ ရန်ကုန်မြို့ရှိ ကြံ့ဖွတ်ပါတီရုံးတွင် ကြံ့ဖွတ်ခင်ရီက NLD အစိုးရကို အဓိက အတိုက်အခံလုပ် ဦးတည် တိုက်ခိုက်ခဲ့သော အစွန်းရောက် အမျိုးသားရေးသမားများကို တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ကြံ့ဖွတ်ခင်ရီနှင့်တွေ့ဆုံခဲ့သော အစွန်းရောက် အမျိုးသားရေးသမားများတွင် ခင်၀ိုင်းကြည်၊ ဝင်းကိုကိုလတ်၊ ဇော်ဝင်း၊ မြတ်ဖုန်းမိုရ်၊ တင်ဌေးအောင်၊ တင်အောင်စန်း၊ ရှေ့နေ အေးပိုင် တို့ အပါအဝင် အမျိုးသားရေး အစွန်းရောက်များပါဝင်ပြီး ဗဟန်း ဘင်္ဂလားတိုက် ဦးသာသနာ့ကျောင်း ရဟန်းပျိုများသမဂ္ဂ အဖွဲ့က ဥက္ကဌ အစွန်းရောက် ဘုန်းကြီးနှင့် သုစိတ္တ တို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အစွန်းရောက် အမျိုးသားရေးသမားများကို ကြံ့ဖွတ်ခင်ရီက ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် တတ်နိုင်သည့် ကဏ္ဍများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ရေး၊ အမျိုးသားရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့် ကိစ္စရပ်များတွင် အတူတကွဆောင်ရွက်ရေး ကိစ္စရပ်များအား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ကြံ့ဖွတ်ခင်ရီက ယခုရက်ပိုင်းအတွင်း စစ်တပ်ထောက်ခံသော သရုပ်ဆောင်များ နှင့် ဟာသ လူရွှင်တော်များကိုလည်း တွေ့ဆုံခဲ့ကာ ရွေးကောက်ပွဲ အောင် မြင်ရေး ၀ိုင်းဝန်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။










Leave a Reply