ဧရာဝတီတိုင်း ဂွ – ငသိုင်းချောင်းရှိ အမြောက်တပ် ၃၄၄ တပ်ရင်းကို အာရက္ခတပ်တော်AAနှင့် PDFပူးပေါင်းတပ်တို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
✔️အကြမ်းဖက်စစ်ကောင်စီတပ်သားများ ေ_ဿ၊ဆုံ-းထိခိုက်မှုများ
ဧရာဝတီတိုင်း ဂွ – ငသိုင်းချောင်း ကားလမ်းပိုင်းရှိမြောက်စမ်းကျေးရွာမှာ တည်ရှိတဲ့ အမြောက်တပ် (၃၄၄) တပ်ရင်းကို အာရက္ခတပ်တော် AA က ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဖက်က အကျအဆုံးတွေ ရှိနေတယ်လို့ BBM က စုံစမ်းသိရှိရပါတယ်။
မြောက်စမ်းကျေးရွာရှိ အမြောက်တပ် (အမတ – ၃၄၄) တပ်ရင်းကို အာရက္ခတပ်တော် AA က သြဂုတ် ၂ ရက်နေ့မှာ ဒရုန်းအစီးရေအများအပြားနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး (အမတ – ၃၄၄) တပ်ရင်းကလည်း အာရက္ခတပ်တော် AA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ရှိတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ AA နဲ့နီးစပ်တဲ့ ဧရာဝတီ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“အမတ ၃၄၄ ကတော့ လက်နက်ကြီးတွေ ထုနေတယ်။ နေရာစုံကို လိုက်ပစ်နေတာပါပဲ။ AA နဲ့ ပူးပေါင်းတပ်တွေကလည်း ဒရုန်းနဲ့တိုက်ခိုက်နေတာရှိပါတယ်။ အထိခိုက်ရှိတယ်လို့ ကြားရတယ်” လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ် PDF တို့ဟာ ရခိုင်နဲ့ ဧရာဝတီတိုင်းနယ်စပ်ရှိ ဂွ ရိုးမတောင်တန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဧရာဝတီနယ်စပ်တစ်လျှောက်လုံးကို ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး အမြောက်တပ်ရင်း ၃၄၄ ဟာလည်း ဧရာဝတီတိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက် အချက်အချာကျတဲ့ တပ်ရင်းတစ်ခုလည်းဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီဟာ အမတ – ၃၄၄ တပ်ရင်း မကျရေးအတွက် ရေကြည်မြို့မှာရှိတဲ့ ရေနံ့သာဂိတ်ကနေတစ်ဆင့် ပြည်သူစစ်အင်အား ရာနဲ့ချီဖြည့်တင်းနေတယ်လို့ AA နဲ့နီးစပ်တဲ့ ဧရာဝတီစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆက်ပြောပါတယ်။
“အမြောက်တပ်ရင်းကတော့ ဧရာဝတီတိုင်းကို ဝင်ရောက်ဖို့အတွက် အဓိကကျတဲ့ တပ်ရင်းတစ်ခုပါ။ AAနဲ့ PDF တို့ကလည်း အဲဒီတပ်ရင်းကိုရသွားရင် လေးမျက်နှာ၊ ငသိုင်းချောင်း၊ ရေကြည်ဖက်ကို ထိုးစစ်ဆင်ဖို့လွယ်ကူသွားပါမေ။ ဒါကြောင့်ပဲ စကစအဲဒီတပ်ရင်း မကျရေးအတွက် စစ်အင်အားဖြည့်တင်းနေတာပါ” လို့ အဲဒီသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
(အမတ ၃၄၄) အမြောက်တပ်ရင်းဟာ ငသိုင်းချောင်းမြို့နဲ့ ၁၅ မိုင်အကွာ ရခိုင်နဲ့ ဧရာဝတီနယ်စပ်က ပုသိမ် – မုံရွာလမ်းပိုင်းနဲ့ ဂွ – ငသိုင်းချောင်း လမ်းဆုံအနီးရှိ မြောက်စမ်းကျေးရွာမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။
အမတ ၃၄၄ တပ်ရင်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်း မဟာမိတ်တပ်တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ လက်ရှိမှာ ၆ ခန့်ကြာမြင့်လာပြီးလည်း ဖြစ်ပါတယ်။


Leave a Reply