ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကော်မရှင်လက်အောက် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားပြီး အွန်လိုင်းပေါ် ပျံ့နှံ့လာမှုကြောင့် ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီများ နေပြည်တော်၌ စစ်ဆေးခံနေရကြောင်း သိရသည်။
အဆိုပါပေါက်ကြားမှုတွင် ရဲ၊ ထွေအုပ်၊ အကျဥ်းဦးစီး၊ လ၀က၊ အခွန်၊ ဘဏ္ဍာရေးနှင့်စီမံကိန်း၊ အကောက်ခွန်၊ တရားသူကြီး၊ စသုံးလုံးမှစ၍ ကပစ (ကာကွယ်ရေး ပစ္စည်းစက်ရုံ) ဝန်ထမ်းများအထိ ပါဝင်ပြီး ဝန်ထမ်းတဦးချင်းစီ၏ ဓာတ်ပုံနှင့်တကွ လက်ရှိ နေရပ်လိပ်စာ၊ ဖုန်းများ ပါဝင်သောကြောင့် တော်လှန်ရေးဘက်အတွက်လည်း အရေးပါသည့် အချက်အလက်များ ဖြစ်ကြောင်း ယင်းဖိုင်များကို လူမှုကွန်ရက်၌ ဖြန့်ဝေသော Min Khant Aung’sV ၏ ဖေ့ဘုတ်က ဖော်ပြထားသည်။
Ransomware ဟုခေါ်သော နည်းပညာကြောင့် အဆိုပါဝန်ထမ်းစာရင်းနှင့် ကိုယ်ရေးအချက်အလက်များ ပေါက်ကြားမှုဖြစ် ပေါ်သဖြင့် ဝန်ဆောင်မှုပေးသောကုမ္ပဏီများ ယခုရက်ပိုင်းအတွင်း နေပြည်တော်၌ မနက် ၈ နာရီမှ ညနေ ၅ နာရီထိ သွားရောက်စစ်ဆေးခံနေရခြင်းဟု သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးဝန်ဆောင်မှုပေးနေသော ကုမ္ပဏီအများအပြားရှိကာ ၎င်းတို့အနက် အိန္ဒိယ အခြေစိုက် Factosecure ကုမ္ပဏီ, ရန်ကုန်အခြေစိုက် Myanmar Cyber Guard, CyberHub Myanmar, SecuZone Myanmar, IT Fortress,မန္တလေးအခြေစိုက် Trust Net Solutions, Data Defend Myanmar,နေပြည်တော်အခြေစိုက် SafeLayer Technologies, တောင်ကြီးအခြေစိုက် ByteSecure Myanmar နှင့် အရှေ့တောင်အာရှအခြေစိုက် Cyber Shield Asia (မြန်မာရုံးခွဲ) တို့မှာ ထင်ရှားသောကုမ္ပဏီများ ဖြစ်သည်။
ထိုသို့ ဝန်ကြီးဌာနပေါင်းစုံမှ ဝန်ထမ်းပေါင်း ၂ သိန်းကျော်၏ အချက်အလက်များ ပေါက်ကြားလာပြီးနောက် စစ်ကော်မရှင် သည် သတင်းပေါက်ကြားမှုများအတွက် သေဒဏ်အထိပေးနိုင်သော စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ် ခြင်းဥပဒေကို ဇူလိုင် ၂၈ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။



ပုံစာ – ၂၀၂၅ ဖေဖော်ဝါရီ ၂၀ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (အက်ခ်မက်) အလှည့်ကျ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နိုင်ရေး ဝန်ကြီးဌာနများ၏ အခန်းကဏ္ဍနှင့် ပေါင်းစပ်ညှိနှိုင်းမှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ/ MOFA


Leave a Reply